Home » , » Collection.2021
Monday
August 23

Collection.2021

 


 အခုတစ်ခေါက် တင်ဆက်ပေးမှာကတော့ Collection လို့ အမည်ရတဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်

ခေတ်ကာလ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူနေထိုင်မှုစနစ်တွေကလည်း တစ်စတစ်စ တိုးတက်ပြောင်းလဲ

လာခဲ့ပါတယ်။ ဟိုးရှေးရှေးတုန်းက ပစ္စည်းအလဲအလှယ်လုပ်ပြီး ရောင်းဝယ်ဖောက်ကားခဲ့ကြတယ် နောက်တော့ ဒင်္ဂါးတွေ

သွန်းလုပ်တယ် အဲ့ဒီလိုနဲ့ အခုမျက်မှောက်ခေတ်မှာတော့ ငွေစက္ကူတွေ ပုံနှိပ်ပြီး ရောင်းဝယ်ကြတယ် Mobile banking

စနစ်တွေ အကြွေးဝယ်ကတ်တွေ စသဖြင့်ပေါ့ ။

တိုးတက်လာတဲ့အပေါ်မှာ ကောင်းကျိုးတွေလည်း ရှိသလို ဆိုးကျိုးတွေဟာလည်း ဒွန်တွဲနေစမြဲပါပဲ လူတွေဟာ နည်းပညာ

တိုးတက်မှုကို အခွင့်ကောင်းယူပြီး သတင်းအချက်အလက်တွေ ခိုးယူကာ မသမာမှုကို ကြံစည်လာကြပါတော့တယ်။

 

 ဒီဇာတ်ကားလေးမှာတော့ ဘရန်ဒန်ဟာ သူငယ်ချင်းဖြစ်သူ ရော့စ်နဲ့အတူ အကြွေးဝယ်ကတ်ကိုင်ဆောင်သူတွေရဲ့ အချက်

အလက်တွေကို ခိုးယူပြီး ပိုက်ဆံ လိမ်လည်တောင်းရမ်းနေတဲ့ အကြွေးကုမ္ပဏီပိုင်ရှင် နှစ်ဦးပါ။ သူတို့နှစ်ဦးဟာ သာမန်စာပို့

အကြောင်းကြားပြီး တောင်းရမ်းကြတာမျိုးမဟုတ်ဘဲ အကြွေးဝယ်ကတ်ကိုင်ဆောင်သူတွေရဲ့ အလုပ်ဖုန်းတွေကို ခဏခဏ

ဆက်မယ် မိသားစုဝင်တွေကိုလည်း နှောင့်ယှက်မယ် ယုစ္စအဆုံး ပိုက်ဆံပေးရင်ပေး မပေးရင် သတ်ပစ်မယ် ထောင်ချမယ်ဆိုပြီး

အတင်းအကြပ် ခြိမ်းခြောက်တောင်းရမ်းကြတာပါ။

အဲ့လို ရည်ရွယ်ချက်ကြီးမားစွာနဲ့ လက်ဝါးကြီးအုပ်ချင်တဲ့ ဘရန်ဒန်တစ်ယောက် အချစ်နဲ့စတွေ့တဲ့အခါ . အဲ့အချစ်ကကပဲ

သူ့ရဲ့ ရည်ရွယ်ချက်တွေမှာ အတားအဆီးဖြစ်နေခဲ့သောအခါ . ဒီအချစ်ကြောင့်ပဲ တွဲဘက်သူငယ်ချင်းနဲ့ ပြဿနာတွေစဖြစ်လာ

တဲ့အခါ . . . ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။

(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyae  မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R Team ပဲ ဖြစ်ပါတယ်။)

 

 

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By SoraTemplates | Distributed By +95-969-264-1590