Home » , , , , » Dilwale (2015)
Wednesday
August 18

Dilwale (2015)



ဘောလိဝုဒ်မင်းသားကြီး ရှာရွတ်ခန်း နဲ့ မင်းသမီး Kajol တို့ တကြော့ပြန် ပြန်လည်လက်တွဲထားတဲ့ ဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်းမပြောခင်..ပြောချင်တဲ့အချက်တစ်ချက်ရှိပါတယ်။

အဲဒါကတော့ ဒီဇာတ်ကားမှာ ရှုခင်းနဲ့ ဆက်တင်ကိုအထူးဂရုပြုပြီး ဖျော်ဖြေရေးဆန်ဆန် အရောင်အသွေးစုံလင်အောင်
ဖန်တီးထားတဲ့အကြောင်းပါ။

အရောင်အသွေးစုံခင်မှုအပိုင်းမှာ တစ်နေရာမှ မလစ်ဟင်းအောင် ဂရုပြုထားပြီး
ပန်းချီကားတစ်ချပ်လို ဖန်တီးတင်ဆက်ထားတာ လှပလွန်းပါတယ်။

ဇာတ်လမ်းပုံစံကတော့
မိသားစုတွေရဲ့ ရန်ငြိုးကြောင့် ချစ်ရက်နဲ့ ကွဲကွာနေကြတဲ့ ချစ်သူနှစ်ဦး
ကံကြမ္မာအလှည့်အပြောင်းတစ်ချိုးမှာ ပြန်လည်တွေ့ဆုံဖို့ ဖြစ်လာတဲ့အခါ………။

ဇာတ်လမ်းကို သွက်သွက်လက်လက်တစ်နည်း…လွမ်းလွမ်းဆွေးဆွေးတဖုံ….
ရယ်ရယ်မောမောတစ်သွယ်…ပုံစံမျိုးစုံ တင်ဆက်ရာမှာ သီချင်းတွေနဲ့ နောက်ခံ သံစဉ်တီးလုံးတွေက
အတော်လေးလိုက်ဖက်ညီပြီး ဇာတ်လမ်းကို အကောင်းမွန်ဆုံးထောက်ပံ့ပေးသွားတာတွေ့ရပါတယ်။


ဇာတ်ရံပေါင်းများစွာနဲ့ စုံစုံလင်လင်တင်ဆက်ထားပြီး ဇာတ်ကားကြာမြင့်ချိန်ကလဲ ၂ နာရီခွဲလောက်ရှိတဲ့အတွက်
ရုပ်ရှင်ရုံထဲကြည့်နေရသလို အေးအေးဆေးဆေး အနားယူ… အချိန်ယူ ခံစားကြည့်ရှုသင့်တဲ့ဇာတ်ကားပါ။






ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By SoraTemplates | Distributed By +95-969-264-1590