Home » , , , , » Home (2021)

Home (2021)




အိန္ဒိယ Family movie မျှော်နေတဲ့သူတွေအတွက်

Sreenath Bhasi ပါဝင်သရုပ်ဆောင်ထားတဲ့
အသစ်စက်စက်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်

ဒီဇာတ်ကားကို ညွှန်းရမယ်ဆိုရင်တော့
2013 တုန်းက ထွက်ရှိထားတဲ့ Philips and the Monkey Pen ဇာတ်ကား ရဲ့
ဒါရိုက်တာ Rojin Thomas ရဲ့ နောက်ထပ်လက်ရာမွန်တစ်ခုပါ

ကျွန်တော်ကတော့ ဒီကားကိုကြည့်ရင်းကနေ
Kapoor and Sons ဆိုတဲ့ဇာတ်ကားနဲ့ကို သွားအမှတ်ရမိတယ်ဗျ
Kapoor and Sons ဇာတ်ကားကို ကြိုက်တဲ့သူတွေအဖို့တော့
ဒီကားကိုလည်းနှစ်ခြိုက်မယ်လို့ အာမခံနိုင်ပါတယ်




ဇာတ်လမ်းအကျဉ်းကတော့
အန်တိုနီဆိုတဲ့လူက မြို့မှာအလုပ်လုပ်နေတဲ့
ရုပ်ရှင်ဒါရိုက်တာဗျာ
တစ်ရက်တော့ ရုပ်ရှင်အတွက်အေးဆေးအညွှန်းရေးချင်တာနဲ့
နယ်မြို့ကအိမ်လေးဆီပြန်သွားတယ်

ခုခေတ်လူငယ်ဆိုတော့ အင်တာနက်ပေါ်မှာပဲ
အချိန်ဖြုန်းနေတော့
အိမ်ကမိသားစုဝင်တွေက သဟဇာတမဖြစ်ကြဘူး
ဒီလိုနဲ့ပဲ မိသားစုထဲဖြစ်တဲ့အလွဲတွေ
အလုပ်ကိစ္စနဲ့ပတ်သက်တဲ့အလွဲတွေနဲ့ကြောင့်
အန်တိုနီရဲ့မိသားစုတွေရော သူရော
သဟဇာတဖြစ်အောင်ညှိရင်းကနေ
နောက်ဆုံးဘယ်လိုတွေဆက်ဖြစ်သွားကြမှာလဲဆိုတာ
ရသအစုံနဲ့ ကြည့်ရှူရမှာပါ

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့
Family ကားဖြစ်တာကြောင့် လူကြီးလူငယ်မရွေးကြည့်ရှူနိုင်ပါတယ်ခင်ဗျာ

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Popular Posts

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590