IMDB Rating 7.9/10 User 20K
အင်္ဂလိပ်လိုဆိုရင် The Innocent , စပိန်စကားနဲ့ပြောရရင်
Inocente, မြန်မာမှုပြုလိုက်ရင်တော့ “အပြစ်ကင်းလေသူ”ပေါ့
ဒါပေမဲ့ ဒီseriesထဲက ဇာတ်ကောင် မက်တီယိုဗီဒယ်ကတော့
အပြစ်ကင်းသူဆိုတာထက် “ကံဆိုးသူမောင်ရှင်” လို့ခေါ်ရင်
ပိုမှန်ပါလိမ့်မယ်
ဇာတ်လမ်းအစမှာတင် အကိုဖြစ်သူရဲ့ရန်ပွဲမှာ ဝင်ပါမိရင်း
မတော်တဆလူသတ်မှုကြောင့် ထောင်ကျခဲ့ရသူ၊ ထောင်ကနေ အာမခံနဲ့လွတ်ရက်ရပြန်တော့လည်း မိဘနှစ်ပါးရဲ့နာရေး၊
ထောင်ကနေလွတ်လာပြီး ဘဝတစ်ခုပြန်စမယ်တွေးပြန်တော့
ချစ်ရတဲ့အကိုဖြစ်သူကပါ လေဖြတ်ရောဂါနဲ့ ဆုံးသွားပြန်ရော
ဒီလိုကံဆိုးလွန်းတဲ့ ဇာတ်လိုက်ကျော်မက်တီယိုရဲ့ ဘဝထဲကို
မိန်းကလေးတစ်ယောက် ဝင်ရောက်လာပြီး သာယာတဲ့
အိမ်ထောင်ရေးတစ်ခုကို ပျော်ပျော်ရွှင်ရွှင်အစပြုဖို့ကြံစည်ခဲ့ပါတယ်
ဒါပေမဲ့ အဲ့ဒီအကြံဟာလည်း သူ့ရဲ့ ရှုမငြီးတဲ့ချစ်ဇနီးဆီ ဝင်လာတဲ့
Unknown Numberနဲ့ ဖုန်းတစ်ကောလ်ကြောင့် ဇောက်ထိုးမိုးမျှော်
ဖြစ်သွားရပြန်ပါတယ်
သူ့ဇနီးကိုဆက်တဲ့ဖုန်းနံပါတ်ဟာ ဘယ်သူ့နံပါတ်လဲ၊ သူ့ဇနီးက သူ့ကို
လိမ်ညာထားတာလား၊ နောက်ကွယ်မှာဖောက်ပြန်နေတာလားဆိုတဲ့
ပြဿနာအသေးစားလေးကနေ
သပွတ်အူလိုရှူပ်ထွေးပွေလီလွန်းတဲ့ပြဿနာကြီးတစ်ခုထဲကို
မက်တီယိုတစ်ယောက် ပါဝင်ပတ်သတ်မိသွားတဲ့အခါ…….
စပိန် Crime,Thriller,Mystery ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေဟာ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှု၊ ထင်မထားတဲ့ Plot twistတွေများစွာပါဝင်မှု၊
သရုပ်ဆောင်တွေရဲ့ သဘာဝကျမှုကြောင့် အဆင့်အတန်းတစ်ခုမှာ ရှိနေမှန်း Money Heist, Elite, The Platform, Alta Mar, The Pierတို့ကို ကြည့်ဖူးတဲ့ ပရိတ်သတ်တွေဆိုရင်
ကောင်းကောင်းကြီး ရင်းနှီးနေမှာပါ၊
ဒီ Miniseriesဟာလည်း IMDB 79% နဲ့ Rotten Tomatoes 100% အပြည့်ရထားတဲ့ Crime Drama seriesပါ၊ ပရိတ်သတ်တွေကြည့်ရှုပြီးရင်
ရင်ထဲတသသကျန်ခဲ့မယ့် လှည့်ကွက်တွေအပြည့်ပါတဲ့ seriesကောင်းတစ်ခုဆိုတာ အာမခံနိုင်ပါတယ်၊ ကိုယ်တိုင်ပဲကြည့်ရှုအားပေးလိုက်ပါ