Home » , , , » Monster (2014)

Monster (2014)

 


 

ဒီရုပ်ရှင်ဟာ အလယ်အလတ်အဆင့် ကိုရီးယားရုပ်ရှင်ဆိုတော့ကာ အားနည်းချက်နဲ့ အားသာချက် အလီလီတော့ရှိနေတယ်။
သို့ပေမဲ့ Entertainmentတော့ အပြည့်အ၀ဖြစ်တဲ့ ရုပ်ရှင်ဆိုတာတော့ အာမခံလို့ရပါတယ်။
Thriller, Action အမျိုးအစားပေမဲ့ Thrillerနည်းပြီး Actionများတဲ့ကားလို့ ဆိုရမှာပဲ။
Psychopath လူသတ်သမားဖြစ်တဲ့ Lee Min Ki ရဲ့ သတ်ခန်း‌ဖြတ်ခန်းတွေကိုတော့ လူအတော်များများ အကြိုက်တွေ့ကြမှာပဲ။

ရုပ်ရှင်ရဲ့အားသာချက်ကိုပြောရရင်တော့ အားအသာဆုံးအပိုင်းက သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုပဲ။
ကလေးသရုပ်ဆောင်က အစအတော်လေး အသက်၀င်တယ်။
သရုပ်ဆောင်ကောင်းဆို cast တွေကလည်း ဆရာတွေကိုး။
အဓိကဇာတ်ဆောင်ဖြစ်တဲ့ လီမင်ဂီကတော့ Beauty Inside series နဲ့ OH Master မှာ Sociopath ဆန်ဆန် ဇာတ်ရုပ်တွေနဲ့ အတော်လိုက်ဖက် သရုပ်ဆောင်ကောင်းခဲ့တဲ့လူ။
ဒီမှာလည်း Psychopathအနေနဲ့ အတော်လေး သရုပ်ဆောင်တာ ကောင်းတယ်။
နောက်… ပွဲဦးထွက် A Muse (2012)မှာကတည်းက အတော်လေးဂေါ်ခဲ့တဲ့ Goblin နဲ့နာမည်ကြီးတဲ့ ဂင်ဂိုအွန်းကလည်း ကျပ်မပြည့်တဲ့ ဇာတ်ကောင်နေရာမှာ အံ၀င်ခွင်ကျကို လိုက်ဖက်တယ်။
ကလေးသရုပ်ဆောင်မလေး အပါအ၀င် ကျန်တဲ့လူတွေလည်း သူ့နေရာနဲ့သူ ကောင်းကြပါတယ်။
အကုန်လုံးကလည်း K Drama တွေနဲ့ ရင်းနှီးတဲ့သူတွေ မစိမ်းတဲ့ သူတွေချည်း။
နောက်အားသာချက်ကတော့ ကလေးသရုပ်ဆောင်နဲ့ ဂိုအွန်းနဲ့ကြားက Chemistry က ချစ်စရာလည်းကောင်း နာကျင်စရာလည်းကောင်းပြီး အတော်လေး Emotional ဖြစ်တယ်။

အားနည်းချက်ကတော့ သိပ်တော့ ထွေထွေထူးထူး မဟုတ်ပေမဲ့ R Rate မထားချင်လားလို့လားတော့ မသိ သတ်ခန်းဖြတ်ခန်းတွေမှာ လုံး၀ ပီပီပြင်ပြင်ကြီး သတ်ပြသွားတာမျိုး မရှိဘူး။
သို့ပေမဲ့ သွေးသံရဲရဲအခန်းတွေတော့ အတော်များပါတယ်။
Run time ပိုယူပြီး သတ်ခန်းဖြတ်ခန်းတွေကို သေချာလေးပြပြီး ဇာတ်အိမ်လေးနည်းနည်း ဖြည့်လိုက်ရင်တော့ ဒီထက် ကြည့်ရကောင်းသွားမယ်တော့မြင်မိတာပါပဲ။
ပတ်ချန်း၀တ်ကားဆန်သွားတာပေါ့။



ဒါရိုက်တာကတော့ Spellbound နဲ့ ဒီကား နှစ်ကားပဲရိုက်ထားပြီး နှစ်ကားလုံး အတော်ကြည့်ပျော်တော့ မဆိုးဘူးပြောရမယ်။

ဘာပြောပြောပါ နာမည်ကြီးဒါရိုက်တာတစ်ယောက် ရိုက်တာမဟုတ်ဘဲ ဒီလောက်ကြည့်ပျော်တဲ့ Thrillerလိုင်းက ကားက ရှားပါတယ်။
ကိုရီးယား Psychopath ရုပ်ရှင်တွေ Thriller ရုပ်ရှင်တွေ ကြိုက်တဲ့လူတွေအတွက် အာသီသ ပြေစေမယ့်ကားဖြစ်တဲ့အပြင်
ရင်နင့်စဖွယ်အရာတွေနဲ့ ချစ်စဖွယ် ဇာတ်၀င်ခန်း‌တွေကို ရောယှက်ပြီး ပရိတ်သတ်ကို ခံစားရအောင်လုပ်နိုင်တဲ့
Entertain လည်း အတော်ဖြစ်တဲ့ ကားဆိုတာကတော့ မမှားပါဘူး။

 

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Popular Posts

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590