Home » , » Netrikann (2021)
Monday
August 16

Netrikann (2021)



ဒီကားကလည်း Remake တွေထဲမှာ အကြိမ်ကြိမ် ပြန်ရိုက်လည်း မရိုးနိုင်တဲ့ Remake ထဲက တစ်ကားပါပဲ။2011 ခုနှစ်တုန်းက ကိုရီးယားက Blind ဆိုတဲ့ အမည်နဲ့ ရိုက်ကူးခဲ့ပါတယ်။ 2015 ခုနှစ်မှာတော့ တရုတ်က The Witness ဆိုတဲ့ အမည်နဲ့ ရိုက်ကူးခဲ့ပါတယ်။ အခု ၂၀၂၁ ခုနှစ်မှာတော့ အိန္ဒိယက Netrikann ဆိုတဲ့အမည်နဲ့ ရိုက်ကူးခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ …..

မတော်တဆမှုတစ်ခုမှာ မောင်ဖြစ်သူသေဆုံးပြီး ကိုယ်တိုင်မျက်စိကွယ်ခဲ့ရတဲ့
စီဘီအိုင်အရာရှိကောင်မလေး ဒူရ်ဂါဟာ မျက်စိကွယ်ခဲ့ရတဲ့အတွက်
စီဘီအိုင်(ရဲ)အလုပ်ကိုလည်း ဆက်မလုပ်နိုင်တော့ဘဲ ဘဝကို သိမ်ငယ်စွာဖြတ်သန်းနေခဲ့တယ်…

တစ်ရက် ကားငှားပြီးစီးလာရင်းနဲ့ ဒါရိုက်ဘာက လူတစ်ယောက်ကို တိုက်မိသွားတယ်..
ခွေးတစ်ကောင်ကို တိုက်မိတာပါလို့ ယာဉ်မောင်းက လိမ်ပေမယ့်လည်း
စီဘီအိုင်အရာရှိဟောင်းဖြစ်တဲ့ဒူရ်ဂါအဖို့ မျက်စိမမြင်ပေမယ့်လည်း အဖြစ်မှန်ကို လွယ်လွယ်ခန့်မှန်းမိနေပါတယ်…

လူကိုပါ ရန်ရှာလာတော့ ရဲစခန်းမှာ အမှုလာဖွင့်တယ်….
မျက်မမြင်တစ်ယောက်ရဲ့တိုင်ချက်ဆိုတော့ အရေးမလုပ်ကြဘူး
အဲ့ဒီခစန်းမှာလည်း ဘယ်သူကမှ လေးစားမှုမရှိတဲ့ အူတူတူ အက်စ်အိုင်အရာရှိတစ်ယောက်ရှိတယ်…

သူကလည်း စခန်းကလူတွေလေးစားခံရဖို့ ဒီအမှုကိုကိုင်တွယ်ချင်တော့
မျက်မမြင်စီဘီအိုင်အရာရှိဟောင်း ဒူရ်ဂါဆီမှာ ပြန်ပြီးအကြံဉာဏ်လာ
တောင်းတယ်…

သူတို့နှစ်ဦးပေါင်းပြီး ဒီအမှုကို စုံစမ်းရင်းနဲ့မှ…..

မကြည့်ဖူးတဲ့လူတွေအဖို့ Thriller ကား ကောင်းပီပီ အသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရမှာပါ။

ကြည့်ပြီးသားလူတွေအဖို့လည်း ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့

ပြန်လည်ဖန်တီးထားတဲ့ ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။




                                                                     Download

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By SoraTemplates | Distributed By +95-969-264-1590