Home » , » Thimmarusu: Assignment Vali(2021)

Thimmarusu: Assignment Vali(2021)

 


“လူတစ်ယောက် ကောင်းတယ်ဆိုတာကို ပတ်ဝန်းကျင်က လက်ခံဖို့

အချိန်တွေအများကြီး ယူရပေမယ့်

သူမကောင်းဘူးဆိုတာကိုတော့ စက္ကန့်ပိုင်းလေးအတွင်း လူတွေလက်ခံနိုင်ကြတယ်

မင်းနာမည်ဘေးမှာ တွဲလျက်ရှိနေတဲ့

လူသတ်သမားဆိုတဲ့ ဂုဏ်ပုဒ်က သေတဲ့ထိပါသွားမှာကွ

ဒါကြောင့် ဒီအမှုကို မင်းရင်ဆိုင်ရမှာ”

လွန်ခဲ့တဲ့ ၈ နှစ်က လူသတ်မှုနဲ့ စွပ်စွဲခံရပြီး

ထောင်ကျခဲ့ရတဲ့ ကောင်လေးကို

အမှုပြန်ဖွင့်ပြီး တရားခံအစစ်ဖော်ထုတ်ဖို့

ရှေ့နေက ပြောတဲ့စကား

တရားဥပဒေဆိုတာ လက်တစ်လုံးခြားပဲတဲ့

​မတရားမှုမှန်သမျှ ဖော်ထုတ်မယ်ဆိုတဲ့

 


 

လူငယ်ရှေ့နေလေးကတော့ ဒီစကားကိုလက်မခံပါဘူး

တုံးဆိုတိုက် ကျားဆိုကိုက်ပြီး

အမှန်တရားသာဖော်ထုတ်မယ့် ရှေ့နေပေါ့

ဒီလိုရှေ့နေတစ်ယောက်က လွန်ခဲ့တဲ့ ၈ နှစ်က

အမှုဟောင်းကို စုံစမ်းရရောဗျာ

သာမာန်လျော်ကြေးငွေကိစ္စနဲ့ အမှုဆိုပြီးလိုက်ရာကနေ

တရားအစွဲခံခဲ့ရတဲ့သူဟာ တရားခံအစစ်မဟုတ်ဘဲ

ထောင်ကျခဲ့တယ်ဆိုတာ သိသွားတဲ့အချိန်မှာတော့

ရအောင်ဖော်ထုတ်မယ်လို့ စိတ်ဆုံးဖြတ်ခဲ့တယ်

လှည့်ကွက်တွေ အများကြီးရှိနေတဲ့အပြင်

မထင်မှတ်ထားတဲ့ လူတွေပါ ပါဝင်ပတ်သက်နေတဲ့ ဒီအမှုကြီးကို

ဆက်ပြီးဖော်ထုတ်လေ သူ့အတွက်အန္တရာယ်များလာလေဖြစ်လာခဲ့တဲ့အခါ…

အန္တရာယ်ကြားကနေ အမှန်တရားဘက်တော်သားတစ်ယောက်

ဒီအမှုကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာကို

အိန္ဒိယဇာတ်ကားတို့ ထုံးစံအတိုင်း Dialog အလန်းတွေနဲ့ ရိုက်ပြထားပါတယ်ကြည့်ရှုလိုက်ကြပါဦး

 

 

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590