Home » , , , » Trollhunters: Rise of the Titans (2021)
Wednesday
August 25

Trollhunters: Rise of the Titans (2021)

 


 ပရိသတ်ကြီးများကို လုံးဝအလန်းလွန်နေတဲ့ Animation ကားလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်

ဒီစကြဝဠာကြီးကို စွမ်းအားကြီးမားလှတဲ့ စုန်းမကြီးသုံးယောက် ဖန်ဆင်းထားတယ်လို့ဆိုရအောင်ဗျာ
အဲ့စကြဝဠာကြီးထဲမှာ လူသား တိရိစ္ဆာန် မှင်စာ ဂြိုလ်သား စတဲ့သက်ရှိတွေအားလုံး ညီညွှတ်မျှတစွာနေထိုင်နိုင်ဖို့ ကမ္ဘာမြေဆိုတဲ့လှပတဲ့နေရာလေးကိုလည်း ဖန်ဆင်းခဲ့ကြတယ်

ဒါပေမယ့် လူသားတွေကတော့ ကမ္ဘာမြေရဲ့အလှကို မစောင့်ရှောက်ဘဲ ဖျက်စီးကြတယ်ဗျာ
လူသားအချင်းချင်း စစ်ပွဲတွေခင်း အာဏာတွေပြကြရုံမက မှင်စာလေးတွေကိုပါ ထိခိုက်လာခဲ့တော့
မှင်စာလေးတွေဟာလည်း ကမ္ဘာမြေကြီးရဲ့အောက်ခြေမှာပဲ ပုန်းလျှိုးကွယ်လျှိုးနဲ့နေထိုင်ကြရတာပေါ့
ဒါတင်မက လူသားတွေဟာ အကောင်လေးတွေကိုနှိပ်စက် အပင်တွေခုတ်နဲ့ ကြာတော့ ကမ္ဘာကြီးလည်းတဖြည်းဖြည်းပျက်စီးလာခဲ့တယ်

 

 

ဒါကိုသည်းမခံနိုင်တော့တဲ့ စုန်းမကြီးတွေဟာ ကြီးမားလှတဲ့ Titan ကြီးတွေကို ဆင့်ခေါ်ပြီး ကမ္ဘာမြေကိုဖျက်စီးကာ အသစ်တဖန်ပြန်စဖို့ စီစဉ်ပါတော့တယ်

ဒါကိုသိရှိသွားကြတဲ့ Trollhunter(မှင်စာမုဆိုး) ဦးဆောင်တဲ့ သူရဲကောင်းတစ်စုဟာ ဖန်ဆင်းရှင်စုန်းမကြီးတွေကို လိုက်လံတားဆီးကြတော့တာပေါ့
အပြောသာလွယ်ပေမယ့် ဖန်ဆင်းခံလူသားတွေက ဖန်ဆင်းရှင်ကိုခံချဖို့ဆိုတာ ကြားရုံနဲ့ မဖြစ်နိုင်တဲ့ကိစ္စပါ
ဒီလိုမဖြစ်နိုင်တဲ့ကိစ္စကို သူငယ်ချင်းတွေ ဘယ်လိုပူးပေါင်းပြီး ဘယ်လိုတိုက်ခိုက်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်

Animation ရိုက်ချက်တွေက တော်တော်ကိုလန်းပြီး Budget ကောင်းကောင်းသုံးထားတယ်ဆိုတာ ကြည့်လိုက်တာနဲ့ သိသာနေတဲ့ကားမျိုးပါ
ဒါမျိုးက ညဖက်အိပ်ယာထဲမှာ နားကြပ်လေးနဲ့ ဇိမ်ပြေနပြေကြည့်ပြီး ကြည့်ရှုခံစားရမယ့်ဇာတ်ကားလေးမို့ သေချာပေါက်ကြည့်ရှုခံစားကြဖို့ ပြောချင်ပါတယ်ဗျ

ဇာတ်ညွှန်းကို Thet Hnin Hsu မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့ Jerrica, Shwe Pyae, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By SoraTemplates | Distributed By +95-969-264-1590