Home » , , , » Kate (2021)

Kate (2021)




ကဲ….စနေ တနင်္ဂနွေ အားလပ်ရက်မှာ

IDMb rating 7.4/10 ရထားတဲ့
အက်ရှင်ကားအလန်းစားလေးနဲ့ အနားယူလိုက်ကြစို့လား!!

ဇာတ်လမ်းအကျဥ်းလေးကို စပြီး မိတ်ဆက်ပေးပါရစေ

ကိတ် ဟာ ဗာရစ်ခ်ရဲ့ ထိန်းကျောင်းမှုအောက်မှာ
လုပ်ကြံသတ်ဖြတ်သူအနေနဲ့ လေ့ကျင့်သင်ကြားခဲ့ရသူတစ်ယောက်ပါ
ငယ်စဥ်ထဲက လေ့ကျင့်ခဲ့ရတဲ့ ကိတ်အတွက်
ပစ်မှတ်မှန်သမျှကို ပစ်မလွဲဖြစ်တဲ့အထိ ကျွမ်းကျင်လှပါတယ်

ဒါပေမဲ့လည်း ကိတ်က လူသတ်ရတဲ့ဘဝကို ပင်ပန်းလာပြီးတော့
သာမန်ဘဝလေးနဲ့ပဲ ရှင်သန်ချင်လာခဲ့ပါတယ်




ကိတ်တစ်ယောက် သူ့ရဲ့နောက်ဆုံးမစ်ရှင်ကို ဆောင်ရွက်ရင်း
အဆိပ်ခတ်ခံခဲ့ရပါတော့တယ်။
အသက်ဆက်နိုင်ဖို့ ကိတ်အတွက် အချိန်တစ်ရက်ပဲ ကျန်ပြီးတော့ ​
အဲ့ဒီအချိန်တစ်ရက်အတွင်းမှာ
ကိတ်ဟာ သူ့ကို အဆိပ်ခတ်တဲ့သူကို လိုက်ရှာပြီး လက်စားချေနိုင်ဦးမလား…???


အဆိပ်ခတ်လုပ်ကြံမှုရဲ့​နောက်ကွယ်မှာ ဘာအ​ကြောင်းအရာတွေများ ရှိနေဦးမလဲ……??
ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပဲ ​ဖြစ်ပါတယ်Now You See Me,Hunger Game အစရှိတဲ့ နာမည်ကြီးရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့မင်းသားကြီး Woody Harrelson လည်း အားဖြည့်သရုပ်​ဆောင်ထားတာမလို့
အက်ရှင်ပရိသတ်အားလုံး အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590