Home » , » Martyrs Lane (2021)

Martyrs Lane (2021)





IMDb Rating – 6.0/10

Horror ပရိတ်သတ်တွေ အကြိုက်တွေ့စေမဲ့ IMDb rating 6.0/10 ရရွိထားတဲ့ Horror ကားကောင်းလေးကို

တင်ဆက်ပေးပါရစေ။


အရင်ဆုံး အဓိက ဇာတ်လိုက်ဖြစ်တဲ့ လီယာနဲ့ စပြီး မိတ်ဆက်လိုက်ကြတာပေါ့။ လီယာဟာ အသက် ၁၀ နှစ်အရွယ်ရှိတဲ့ကလေးမလေးပဲဖြစ်ပါတယ်။ လီယာက သူ့မိခင်ရယ် ဖခင်​ဖြစ်သူဖာသာသောမတ်ရယ် အစ်မကိုင်လာနဲ့အတူ ဘုရားကျောင်းမှာ

အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် နေ့ဘက်ဆို လူတွေနဲ့ စည်ကားပျော်ရွှင်နေတဲ့ ဘုရားကျောင်းကြီးဟာ ညဘက်ဆိုရင်တော့

ခြောက်ခြားစရာကောင်းလောက်အောင် မှောင်မိုက်ပြီး လီယာ့အတွက် အိပ်မက်ဆိုးတွေ ဖြစ်စေခဲ့ပါတယ်။




အစ်မဖြစ်သူဆီကလည်း အနိုင်ကျင့်ခံရ မအေဖြစ်သူဆီကလည်း အချစ်မခံရ ဖခင်ဖြစ်တဲ့ ဖာသာဟာလည်း သူ့ရဲ့သာသနာပြု

လုပ်ငန်းတွေနဲ့ပဲ အလုပ်များနေတာဆိုတော့ လီယာဟာ မိသားစုမှာ အပယ်ခံလေးဖြစ်လို့နေတာပေါ့။

ဒီလိုနဲ့ အထီးကျန်နေတဲ့ လီယာတစ်ယောက် တစ်နေ့မှာ ရွယ်တူကောင်မလေးနဲ့တွေ့ဆုံပြီး ကစားဖော်တွေ ဖြစ်လာခဲ့ပါတယ်။

ဒီဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းစေမယ့် လီယာနဲ့ရွယ်တူ ကစားဖော်ကောင်မလေးက ဘယ်သူများလဲ…??

သူတို့အတူ ဘာကစားနည်းတွေကို ကစားပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲ..?? ဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590