Home » , , » Oh My God 2: Dharam Sankhat Mein (2015)

Oh My God 2: Dharam Sankhat Mein (2015)




ဒီဇာတ်ကားလေးကတော့ IMDB-6.3 ရှိထားပြီး မိသားစုကြား ချစ်ခြင်းမေတ္တာနဲ့ ဘာသာတရားတို့၏ စစ်မှန်သည့်ငြိမ်းချမ်းရေးအကြောင်း ညွန်းဆိုထားသည့်ဇာတ်ကားကောင်းလေးပါ။ Oh My God 2 အဖြစ်လည်း ခေါ်ဝေါ်ကြပါသေးသည်။

ဇာတ်လမ်းအကျဉ်း မစ္စတာဒရမ်ပါးလ် ဟာ ဘာသာမဲ့တစ်ဦးဖြစ်ပြီး အစ္စလာမ် ဘာသာကို မျက်မုန်းကျိုးနေခဲ့သူတစ်ဦး ဖြစ်နေခဲ့ပါတယ်။သို့သော် သူရဲ့မိသားစုဝင်တွေကတော့ နီးလ်ဘာသာကို လေးနက်သက်ဝင်ခဲ့သူတွေ ဖြစ်နေကြပါတယ်။ တစ်နေ့မှာတော့ ဒရမ်ပါးလ် ရဲ့သား အာမစ်ကတော့ ရှရပ်ဆိုသည့် မိန်းကလေးနှင့် စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ရှရပ်တို့ဘက်မှ ဒရမ်ပါးလ်ကို ဘာသာရေးကိုင်းရှိုင်းသော ဖခင်ကောင်းအဖြစ် တွေ့မြင်လာစေရန်ပါ တောင်းဆိုခဲ့ပြန်ပါသည်။ မမျှော်လင့်တဲ့တစ်ရက်မှာတော့ ဒရမ်ပါးလ်ဟာ မွေးစားအမေရဲ့ စာချုပ်လေးကို တွေ့ရှိခဲ့ပြီး သူကိုယ်တိုင်ပင် အစ္စလာမ်မျိုးရိုးဖြစ်နေကြောင်း သိရှိခဲ့ရသည်။ သူ၏ အဖေရင်းမှာ သက်ရှိထင်ရှားရှိနေကြောင်းလည်း ကြားသိရပြီး သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် သူရောက်သွားချိန်မှာတော့ ဗလီဆရာ၏ ဆုံးဖြတ်ချက်အရ အစ္စလာမ် ဘာသာဝင်တစ်ဦးအဖြစ် လေ့ကျင့်ခဲ့ပြီးမှ အဖေ၏ နောက်ဆုံးခရီးမတိုင်ခင် လာရောက်တွေ့ဆုံရန် ပြောကြားခဲ့ပြန်သည်။ ဒါကြောင့် ဒရမ်ပါးလ်ဟာ သူအရင်က မျက်မုန်းကျိုးလှသော အစ္စလာမ်ဘာသာဝင် အိမ်နီးနားချင်း ထံပင် အကူအညီတောင်းခဲ့ရပြန်သည်။ တစ်ဖက်မှာလည်း သူ၏ အစ္စလာမ်ဘာသာ လေ့လာမှုမျိုးကို ဖုံးဖိထားခဲ့ပြီး သားဖြစ်သူဆန္ဒအရ နီးလ်ဘာသာ ဓလေ့များကိုသင်ယူခဲ့သည်။ တစ်နေ့မှာတော့ နှစ်ဖက်ဘာသာဝင်တို့ ဘာသာရေးပဋိပက္ခဖြစ်ခဲ့ကြသောအခါ —-???



ဤကဲ့သို့သော အခြေအနေမျိုးမှာ ဒရမ်ပါးလ်တစ်ယောက် ဘယ်လိုခံစားခဲ့ရမလဲ ဆိုတာတော့ ပရိသတ်ကြီးကပဲ အဆုံးအဖြတ်ပေးကြရမှာပါ။ အဖေရင်း နဲ့ သားနှစ်ဦးကြား ဗျာပါဒတွေနဲ့ နှစ်ဖက်လုံးပြေလည်စေဖို့ ကြိုးစားခဲ့ရသူ ဒရမ်ပါးလ်အတွက် ဘယ်ဘာသာက ရင်ဘတ်ထဲကိန်းအောင်းခဲ့မလဲ ။ ဒါရိုက်တာရဲ့ ပါးနပ်မှုတွေနဲ့ မိသားစုမေတ္တာကို ဖော်ကျူးလိုက်သည့်အပြင် နားလည်မှု အလွဲတွေကို ငြိမ်းချမ်းရေးအသွင် ကူးပြောင်းနိုင်ရေးကိုပါ ထည့်သွင်းစေခဲ့သည့်အတွက် ဇာတ်လမ်းကို အရှိန်တက်စေခဲ့ပါတယ်။ ဒါပြင့် ဘာသာရေး အသုံးချသူတွေနဲ့ လွဲမှားမှုလေးတွေပါ ကွက်ကွက်ကွင်းကွင်း မြင်တွေ့လာရတာကြောင့် ဇာတ်ကားကောင်း အဖြစ် တန်းဝင်လာခဲ့ပါတယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Popular Posts

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590