Home » , » The Man Who Sold His Skin (2020)

The Man Who Sold His Skin (2020)




အခုကနေဆို ဆယ်နှစ်ကျော်ကြာပြီဖြစ်တဲ့

ဆီးရီးယားပြည်တွင်းစစ်ဟာ အသေအကြေ
များခဲ့သလို ဆီးရီးယားက ထွက်ပြေးပြီး
ဥရောပနိုင်ငံတွေမှာ ခိုလှုံခဲ့ရတဲ့ ဒုက္ခသည်
တွေလည်းများခဲ့တယ်။ သို့တိုင်အောင်ပဲ
နိုင်ငံတိုင်းမှာ သူ့ကန့်သတ်ချက်တွေနဲ့
သူရှိခဲ့ကြတာမို့ လူတိုင်းကိုတော့ ခိုလှုံခွင့်
မပေးနိုင်ခဲ့ဘူး။ ဒီရုပ်ရှင်ဟာ အဆိုပါ
ဆီးရီးယားဒုက္ခသည်တွေအကြောင်းကို
ထင်ဟပ်မိအောင် ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။

အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆမ်ဟာ
နိုင်ငံရေးသမားအထင်ခံခဲ့ရတဲ့အတွက်
ဆီးရီးယားကနေ ထွက်ပြေးလာခဲ့တယ်။
သူ့ရဲ့ ချစ်လှစွာသော ကောင်မလေးကိုတော့
သူထားခဲ့ရတယ်။သူ့ကောင်မလေးကတော့
အိမ်ကပေးစားတဲ့ ဘယ်ဂျီယမ်မှာရှိတဲ့
ဆီးရီးယားသံရုံးက သံအမတ်တစ်ယောက်နဲ့
လက်ထပ်သွားခဲ့တယ်။ဆမ်ဟာ
သူ့ကောင်မလေးရှိတဲ့ ဘယ်ဂျီယမ်ကို
သွားချင်ပေမဲ့ သူ့မှာ ပြည်၀င်ခွင့်မရှိဘူး။
အဲ့ဒီအချိန်မှာပဲ ဆမ်က ဂျက်ဖရေးနဲ့ သွားဆုံတယ်။


ခေတ်တစ်ခေတ်ရဲ့ အကြီးကျယ်ဆုံး အနုပညာရှင်
ဖြစ်တဲ့ ဂျက်ဖရေးဟာ အမှိုက်ကိုပါ အနုပညာ
ဖြစ်အောင် လုပ်နိုင်တဲ့သူလို့ နာမည်ကျော်တယ်။
ဂျက်ဖ‌ရေးက Installation Art၊ Paint Artအပါအ၀င်
Artပေါင်းစုံကို ပိုင်နိုင်တဲ့ Geniusတစ်ယောက်။
ဒီတစ်ခါ သူက အနုပညာအတွက် နယ်ပယ်သစ်
တစ်ရပ်ကို ရှာဖွေနေတယ်။ ဒီတစ်ခါ သူတင်ဆက်မဲ့
သူ့အနုပညာပစ္စည်းက သက်မဲ့မဟုတ်ဘူး။တိရိစ္ဆာန်
တစ်ကောင် မဟုတ်ဘူး။သက်ရှိလူသားတစ်ယောက်။
အခု သူတို့နေနေတဲ့ခေတ်ကာလမှာ ကုန်ပစ္စည်းတွေရဲ့
ပျံ့နှံ့ရောက်ရှိမှုက လူသားတွေရဲ့ ပျံ့နှံ့ရောက်ရှိမှုထက်
အများကြီးပိုလွတ်လပ်တယ်။ ဒီတော့ သူက လူသား
တစ်ယောက်ကို အနုပညာပစ္စည်းတစ်ခု ဝါ ကုန်ပစ္စည်း
တစ်ခုအဖြစ်ပြောင်းပြီး ၀င်ချင်တဲ့ နိုင်ငံထဲ
၀င်ခွင့်ရအောင်လုပ်ပစ်ပြီး လူသားဆန်မှုနဲ့ သူ့
လွတ်လပ်ခွင့်ကို ပြန်ရယူနိုင်အောင်
ဖန်တီး‌ဖို့ရည်ရွယ်ခဲ့တဲ့ Artworkတစ်ခုကိုလုပ်ခဲ့တယ်။


ဆမ်ဟာ ဂျက်ဖရေးရဲ့ အနုပညာပစ္စည်းဖြစ်လာတယ်အဲ့ဒီအနုပညာပစ္စည်းရဲ့ နာမည်က ရှန်ဂန်ဗီဇာ။

ရှန်ဂန်ဗီဇာက ဆီးရီးယားသားတွေအတွက် အ‌တော်
အရေးကြီးတဲ့ ဗီဇာပဲ။အဲ့ဒီဗီဇာ မရှိဘဲ ဆီးရီးယား
တွေဟာ ဉရောပနိုင်ငံတွေထဲ တရား၀င် လာလို့မရဘူး။‌

နောက် ဆမ် သို့မဟုတ် ရှန်ဂန်ဗီဇာဟာ ဂျက်ဖရေးရဲ့
အကူအညီနဲ့ သူ့ကောင်မလေးရှိတဲ့ ဘယ်ဂျီယမ်ကို
၀င်ခွင့်ရသွားခဲ့တယ်။

ဂျက်ဖရေးရဲ့ မူလရည်ရွယ်ချက်ဟာ
ကောင်းပေမဲ့ လူသားတစ်ယောက်ဟာ
အနုပညာပစ္စည်းတစ်ခုအဖြစ် အသုံးတော်ခံဖို့
ဘယ်အတိုင်းအတာထိ သင့်တော်မလဲဆိုတဲ့
မေးခွန်းရဲ့ နောက်ပိုင်း မငြိမ်းအေးခြင်းတွေက
ဆီးရီးယားသားတွေရဲ့ ဘ၀ကိုရော အနုပညာရဲ့
လမ်းကြောင်းချွတ်ချော်မှုကိုရော
ထင်ဟပ်လာခဲ့တယ်။

The Man Who sold His skinဟာ
2021 Oscarရဲ့ International Featureကို
ဆန်ခါတင်၀င်ခဲ့တဲ့ ရုပ်ရှင်တွေထဲက တစ်ကားပါ။
ရုပ်ရှင်ဟာ အပြင်မှာတကယ်ရှိခဲ့တဲ့
The Man Who Sold his Skinဖြစ်ခဲ့တဲ့
Timဆိုတဲ့ Artworkတစ်ဖြစ်လဲ လူတစ်ယောက်ကို
ကျောရိုးမျှ အခြေခံထားခဲ့တယ်။

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590