ဂျာမန်နာမည်ကြီး ဒါရိုက်တာတယောက်ဖြစ်တဲ့ Christian Schwochow ရိုက်ကူးထားတဲ့ Je Suis Karl ရုပ်ရှင်ကားဟာ သူရိုက်နေကျ လက်ရာတွေအတိုင်း ပရိတ်သတ်တွေကို အတွေးများရအောင် လုပ်ထားတဲ့ ရုပ်ရှင်ကားတကားပါ။
Netflix မှာပြသထားတဲ့ ရုပ်ရှင်ဖြစ်ပြီး Social Issue Dramas အမျိုးအစားဖြစ်ပါတယ်။
ဂျာမနီနိုင်ငံရဲ့ နိုင်ငံရေးရေစီးကြောင်း ကြမ်းတမ်းပုံကိုရိုက်ကူးထားတာပါ။ လူငယ်တွေရဲ့ အရေးပါပုံကိုလည်း တွေ့ရမှာပါ။ လှုံ့ဆော်ပုံတွေ၊ ရင်ထိတ်ရပုံတွေ ၊ မျှော်လင့်ချက်တွေအကြောင်း ရိုက်ကူးတင်ပြထားတာမို့ ကြည့်သင့်တဲ့ အနုပညာတခုပါ။
အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ Je Suis Karl နဲ့ Maxi တို့ပါ။ Je Suis Karl က ယုံကြည်ချက်ပြင်းထန်သူ ဖြစ်ပါတယ်။ Maxi ကတော့ ဝမ်းနည်းနေရတဲ့ ကောင်မလေးပါ။ Maxi ဘာကြောင့် ဝမ်းနည်းနေရတာလဲ Je Suis Karl နဲ့ ဘယ်လို ဆုံတွေ့ပြီး ဘာတွေဖြစ်ကြမလဲ။ လျို့ဝှက်ချက်တွေ ဘယ်လိုပေါ်လာမှာလဲ။ လူငယ်တွေက တကယ်ပဲ အားတခုလားဆိုတာ ဒီဇာတ်ကားမှာ ရှုစားလိုက်ကြပါဦး ခင်ဗျာ။
Option | Download | Watch Live |
---|---|---|
Link1 |