ဟိုးရှေးရှေးတုန်းကပေါ့ ပိုနီလို့ ခေါ်ကြတဲ့ မြင်းပုမျိုးနွယ်စုလေး သုံးခုရှိကြတယ်။
အာသ့်ပိုနီလို့ ခေါ်တဲ့မြေလျှောက်မြင်းပုလေးတွေရယ်
ယူနီကွန်း လို့ ခေါ်တဲ့ မှော်စွမ်းအား သုံးနိုင်တဲ့ ဦးချိုတစ်ချောင်း မြင်းပုလေးတွေရယ်
ပဲဂစိုက် လို့ခေါ်တဲ့ မြင်းပုပျံလေးတွေ ရယ်ပေ့ါ
သူတို့ဟာ လက်ရှိကာလမှာတော့ မျိုးနွယ်စုတွေက
တစ်ခုနဲ့ တစ်ခု မတည့်ကြဘဲ အချင်းချင်း ကြောက်ရွံ့နေကြတယ်။
ဘာအကြောင်းကြောင့် စည်းလုံးမှု ပြိုကွဲပြီး
အချင်းချင်း ကြောက်နေကြမှန်း မသိရပေမဲ့
အတိတ်ကာလတုန်းက သိပ်စည်းလုံးပြီး
မိတ်ဆွေကောင်းတွေ ဖြစ် ဆက်ဆံရေးခိုင်မာကြတယ်လို့
ယုံကြည်တဲ့ အာ့သ်ပိုနီ ကတော့ ရှိနေခဲ့တယ်။
သူ့ရဲ့ ယုံကြည်မှုကို သူ့သမီးဖြစ်တဲ့ ဆန်နီ လေးကို လက်ဆင့်ကမ်းရင်း
ည အိပ်ယာဝင်ပုံပြင်တွေ အဖြစ် ပြောပြခဲ့တယ်။
အဲဒီ ပုံပြင်တွေ အပေါ် ယုံကြည်သက်ဝင်တဲ့ ဆန်နီလေးတစ်ယောက်
အခြားမျိုးနွယ်စုတွေကို လိုက်ရှာရင်း
သူ့အဖေ ယုံကြည်ခဲ့တဲ့ ပြန်လည်ပေါင်းစည်းရေး အတွက်ကြိုးပမ်းရင်း
ဒီစွန့်စားခန်းလေး ဖြစ်ပေါ်လာတော့တာပါပဲ။
Netflix က ဇာတ်လမ်း ဖြစ်တာကြောင့် ကျန်တဲ့ အပိုင်းကို သိပ်မညွှန်းတော့ပါဘူး။
မမေ့မလျော့ ပြောချင်တာက သီချင်းတွေ အရမ်းကောင်းတာပါ။
ခံစားကြည့်ကြပါဦး။
Option | Download | Watch Live |
---|---|---|
Link1 |