Home » , , , » The Trip(2021)

The Trip(2021)

 


တစ်ခါ တစ်လေကျရင် ကျွန်တော်တို့က

ကိုယ် ချစ်တဲ့ သူတွေနဲ့ ကိုယ့်ခံစားချက်တွေကိုအမှန်အတိုင်း 

မဝေမျှကြတဲ့ အခါမျိုးတွေ ရှိကြပါတယ်

“တောင်းပန်ပါတယ် ငါ မှားသွားတာပါ” ဆိုတာတွေကို 

ခဏခဏ ပြောနေရရင်ပြောဖို့ ခက်လာသလိုပေါ့ ။ 

 

လူဆိုတာ ကိုယ့်အမှား ကိုယ်

လွယ်လွယ်နဲ့ လက်မခံဘဲ ပတ်ဝန်းကျင်ကိုပဲ လိုက်အပြစ်တင်တတ်တဲ့ သတ္တဝါ ဖြစ်တာကိုး ။

အခုဇာတ်လမ်းကလည်း အဲ့လို ကိုယ်မှားတာကို လက်ခံပြီး တောင်းပန်တာမျိုး

မလုပ်တတ်တဲ့ ယောက်ျား နဲ့ သူ့မိန်းမကြားက အချစ်စမ်းတာလေးတွေကို အဓိကထား ရိုက်ကူးထားပါတယ်

ဇာတ်လမ်းအမျိုးအစားကတော့ Mystery-Thriller ဖြစ်တာနဲ့အညီ ဇာတ်ဝင်ခန်းတိုင်းကိုက

သည်းထိတ်ရင်ဖို ဖြစ်ရပြီးတော့ ဘာဆက်ဖြစ်မလဲ သိချင်စိတ်နဲ့ ကြည့်နေရမှာပါ ။

မင်းသားနဲ့ မင်းသမီးက နောက်ဆုံးမှာ ရှင်မယ်မှန်း သိကြပေမယ့် ဘယ်လိုရှင်ကြမှာလဲ ဆိုတာမျိုးပေါ့ ။

ကဲ ကြည့်ဖို့ကို စိတ်ဝင်စားတယ် ဆိုရင်ဖြင့် ဇာတ်လမ်းအကျဥ်းကတော့

အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ လင်မယား နှစ်ယောက်ဟာ ပိတ်ရက်မှာ

သစ်သားအိမ်လေး တစ်အိမ်ကိုသွားပြီး အပန်းဖြေအနားယူကြပါတယ်

ဒါပေမယ့် နှစ်ယောက်လုံးက အနားယူဖို့ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ

တစ်ယောက်ကို တစ်ယောက် အသေသတ်ဖို့ကို ကြိုးစားကြပါတော့တယ်။

ဘယ်သူသေသွားမလဲ ပေါ့နော်။ ဒါပေမယ့် ဇာတ်လမ်း က အဲ့ဒီလောက် မရှိရှင်းပါဘူး ။

ဘယ်လိုမရိုးရှင်းလဲ ဆိုတာကိုတော့ ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ကြပါဗျာ။

(စကားမစပ် အင်္ဂလိပ်ကား မဟုတ်ဘူးနော် နော်ဝေးစကားပြောတဲ့ နော်ဝေးကားပါ

ဒါပေမယ့် ဇာတ်လမ်းက မပေါ့ဘဲနဲ့ ကောင်းသလို ဇာတ်အိမ်လည်း ခိုင်ပါတယ်ဗျ)

Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590