၂၀၂၀ ကတည်းကကျင်းပရမယ့် Euro 2020 ဖလားဟာ၊ Covid ကြောင့် တစ်နှစ်ရွေ့ဆိုင်းပြီး မနှစ်က အင်္ဂလန်မှာကျင်းပခဲ့ပါတယ်။ အသင်းတိုင်းလည်းအကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး လူငယ်ခြေတက်ကစားသမားတွေနဲ့ အင်္ဂလန်တို့ကလည်း
ဗိုလ်လုပွဲထိတက်လာနိုင်ခဲ့ပြီး၊ တစ်ဖက်မှာလည်း အုပ်စုကို ပေးဂိုးမရှိနဲ့တက်လာခဲ့တဲ့ ရော်ဘတ်တို မန်ချီနီရဲ့ အီတလီသားတို့ကလည်း ဗိုလ်လုပွဲထိကျော်ဖြတ်လာနိုင်ခဲ့ပါတယ်။
ပင်နယ်တီအဆုံးအဖြတ်မှာတော့ အင်္ဂလန်သားတို့ရဲ့ ဆုံးဖြတ်ချက်မှားယွင်းမှုနဲ့ အီတလီသားဂိုးသမား ဒွန်နာရာမာရဲ့ အကောင်းဆုံးပုတ်ထုတ်ကာကွယ်မှုတွေကနေ အီတလီသားတို့ အပြာရောင်အိပ်မက်ကြီးကိုအကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။
ဒီ Documentary
ကတော့ အီတလီသားတို့ရဲ့ ဗိုလ်လုပွဲအထိဖြတ်သန်းလာပုံတွေကို အီတလီသားတစ်ယောက်
အနီးကပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အီတလီလက်ရွေးစင်ဘောလုံးသမားတွေရဲ့
ကမ်ပိန်းအတွင်းမှာ တစ်နေ့တာဖြတ်သန်းပုံ၊ နေ့စဉ်နေထိုင်ပုံ၊ လေ့ကျင့်ရေး
ဆင်းပုံတွေကို အနီးကပ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။
အီတလီဖန်တွေအတွက်တော့ တကယ့်ဂုဏ်ယူစရာနဲ့ ကြည်နူးစရာအဖြစ် တသသ ပြန်ကြည့်နေရမယ့် Documentary တစ်ခုပါပဲ။
Option | Download | Watch Live |
---|---|---|
Link1 |