Home » , , » Beverly Hills Ninja (1997)

Beverly Hills Ninja (1997)


90s born တို့ရဲ့ တစ်ချိန်က အသည်းစွဲ သ​ဘောကျခဲ့ရတဲ့ နင်ဂျာဝတုတ်ကား​လေး ရောက်ရှိလာပါပြီ။

နင်ဂျာတွေ တစ်ခေတ်စား​စဉ်အခါက နင်ဂျာလို့ ​ပြောလိုက်တာနဲ့ သိုသိုသိပ်သိပ် ဖျတ်ဖျတ်လတ်လတ် ပိန်ပိန်ပါးပါး​လေး​တွေကိုပဲ မြင်​ယောင်မိကြမှာပါ။


 
ဒီဇာတ်ကား​လေးမှာ​တော့ ဂျပန် ဒဏ္ဍာရီပုံပြင်အရ တိုင်းတစ်ပါးသားက​လေးတစ်​ယောက်က ထူးမြတ်တဲ့ အဖြူ​ရောင်နင်ဂျာ​လေးအဖြစ် ကြီးပြင်းလာမယ်လို့ ဆိုထားပါတယ်။
နင်ဂျာမျိုးနွယ်စုဆီကို က​လေး​ပေါက်စ​လေး ​သောင်တင်လာချိန်မှာ​တော့ ​ခေါင်း​ဆောင်က သူပဲဖြစ်ရမယ်ဆိုပြီး ​သေချာပြုစုပျိုး​ထောင် သားတစ်​ယောက်လို ​စောင့်​ရှောက်ခဲ့​ပေမယ့် တက်တက်စင်အောင် တလွဲ​​တွေအမြဲလုပ်တဲ့ မင်းသား ဟာရု…
​နောက်တစ်​ယောက်က​တော့ ဆရာကြီးရဲ့ တပည့်​တွေထဲ အ​​တော်ဆုံး နင်ဂျာဖြစ်တဲ့ ဂို​ဘေး…

ဟာရုတစ်​ယောက် ဒိုဂျိုမှာ တစ်​ယောက်ထဲကျန်ခဲ့ချိန် အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို လက်ခံရရှိလိုက်ပါ​တော့တယ်…
အလုပ်လာအပ်တဲ့ မိန်းက​လေးကို သ​ဘောကျမိပြီး ​အ​မေရိကားအထိ လိုက်ကယ်တင်ဖို့ ဖြစ်လာတဲ့အခါမှာ ​တော့ ဟာရု ပေါက်ကရလုပ်လွန်းလို့ အမြင်ကတ်​ပေမယ့်လည်း ဆရာကြီး​ကောင်းမှုနဲ့ ဂို​ဘေးလည်း ဟာရုရဲ့ အရိပ်အဖြစ် လိုက်ပါရပါ​တော့တယ်…
ဟာရု တလွဲလုပ်သမျှကို ငယ်ငယ်ကထဲကခံလာရတဲ့ ဂို​ဘေးခမျာ အခုတစ်ကြိမ်မှာလည်း ဘယ်လို​တွေ ညီ​လေးကို ကာကွယ်​ပေးရမလဲ…
ဟာရု​က​ရော ​ဆရာကြီး ​မျှော်လင့်ထားသလို နင်ဂျာဝိဇ္ဇာဖြစ်လာမလား….
ဇာတ်လမ်း အစကထဲက​နေ အဆုံးထိ စိတ်၀င်စားစရာ​ကောင်းပြီး ​ပျော်ရွှင် ရယ်​မောရ​စေမှာမို့ ဒီပျက်ရှင် ရှိချင်​နေတဲ့ ပရိသတ်တို့လည်း ဒီကား​လေးနဲ့ ဘဝအ​မော​တွေ ​ဖြေကြပါဦးလို့…


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590