Home » , , , » Dhamaka (2021)

Dhamaka (2021)



Bollywood ရဲ့ နောက်ထပ် remake တစ်ကားလာပါပြီ။

The Terror Live ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးထားတာပါ။

ဒီတစ်ခါတော့ နယ်ကျော်ပြီး ကိုရီးယားရဲ့ 2013 ခုနှစ်ထွက် The Terror Live ကိုလှမ်း remake လုပ်ထားတာပါ။



ဒါပေမယ့် ကြည့်ရတဲ့ရသကတော့ တူမယ်မထင်ပါဘူး။
ဇာတ်ကားတစ်ကားကို မင်းသားမင်းသမီးကွဲရင်တောင် ခံစားရတဲ့ရသ ကွဲသေးတာမို့
နိုင်ငံခြားပါပြီဆိုမှတော့ အကုန်ကွဲပဲမဟုတ်လား။

ဒီတော့ ဘာတွေကွဲလည်းသိရအောင် ကိုယ်တိုင်ပဲ ကြည့်ကြည့်လိုက်တော့ ..။

အစီအစဉ်တင်ဆက်သူအနေနဲ့ အရမ်းနာမည်ကြီးခဲ့တဲ့ Arjun ..
ဘယ်လောက်တောင်နာမည်ကြီးခဲ့လဲဆိုရင် “သူပြောသမျှကအမှန်” ဆိုပြီးတော့တောင် အဆိုရှိတယ်။
ဒီလိုနာမည်ကြီးသူတစ်ယောက် တစ်ရက်မှာ TV အစီအစဉ်တင်ဆက်သူအဖြစ်ကနေ အသံလွှင့်အစီအစဉ်ကိုရာထူးချခံရ၊
ချစ်ရတဲ့ သတင်းထောက်မလေးနဲ့ကလည်း အဆင်မပြေ ..
ဂြိုလ်ဆိုးများအပေါင်းအဖော်နဲ့ဝင်တယ်ဆိုသလိုပဲ
ဒီလိုအဆင်မပြေတာတွေဖြစ်နေရတဲ့အထဲ
တစ်နေ့မှာ ပက်လယ်ကူးတံတားဖောက်ခွဲခံလိုက်ရပြီး
အကြမ်းဖက်သမားက Arjun တို့စတူဒီယိုကိုဖုန်းဆက်ပါလေရော ..

အစိုးရအပေါ် အခဲမကြေတာရှိတာကို အားလုံးကိုပြောချင်ပေမယ့်
သူဆင်းရဲမို့ .. သူ့စကားဆိုဘယ်သူမှအလေးမထားတာမို့ ..
တိုင်းသိပြည်သိ Arjun ဆီဆက်သွယ်ရင် သူ့စကားသံကိုလူအများကြားလိုကြားငြားနဲ့ဆက်သွယ်လာရာကနေ ..
အကြမ်းဖက်သမားလို့ခေါင်းစဉ်တပ်ထားပေမယ့် တကယ့်အကြမ်းဖက်သမားရောဟုတ်ရဲ့လား ..
သူကရော နစ်နာသူပဲလား .. တကယ်အကြမ်းဖက်ပြီးဂုတ်သွေးစုပ်နေတာက ဘယ်သူတွေလဲ ..
မီဒီယာတွေရဲ့ လူထုအပေါ်လွှမ်းမိုးနိုင်တဲ့အင်အားကဘယ်လောက်တောင်ကြီးလဲ .. စတာတွေကို
ဘယ်လိုဆက်ဖြစ်နိုးနိုး အသဲတအေးအေးနဲ့ကြည့်ရှုရမယ့်ဇာတ်ကားကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်နော်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590