Home » , , , » Most Eligible Bachelor (2021)

Most Eligible Bachelor (2021)




ရည်းစား စဖြစ်ကြရင် တစ်​ယောက်ကိုတစ်​ယောက် အရမ်း​ ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲ
Honeymoon period ​ပေါ့
အချိန်ကြာတွဲလာရင်း အိမ်​ထောင်သည်ဘဝ ကူး​ပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူ​တွေ ဘယ်​လောက်ရှိမလဲ



တချို့ဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူး​လေ​နော့
အိမ်​ထောင်သက်ကြာလာ​လေ​လေ မိသားစုအ​ရေး စီးပွား​ရေး လူမှု​ရေးကိစ္စ​တွေကြားမှာ မချစ်​တော့တာမဟုတ်​ပေမယ့် မချစ်ပြတတ်ကြ​တော့ပါဘူး
CM ပရိသတ်ကြီးတို့​​ကော “အိမ်​ထောင်သည်ဘဝက​နေ ဘာတွေများ​မျှော်လင့်ထားကြပါသလဲ”
​ပျော်ရွှင်​သောအိမ်​ထောင်​ရေးဖြစ်​အောင် ဘယ်လို​နေထိုင်ရမလဲဆိုတာကို သိချင်ရင်​တော့ ဒီကား​လေးကို ကြည့်သင့်ပါတယ်။

အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။ သတို့သမီး​လောင်း အ​ယောက် ၂၀နဲ့လိုက်​တွေ့ရမယ့် ဟာရှာ…
ပထမသတို့သမီး​လောင်းက​တော့ သူ့အလိုကျ လိုက်​လျောညီ​ထွေ​နေ​ပေးတတ်လွန်းတဲ့ မိန်းက​လေး…
မိဘ​တွေက တခြားသတို့သမီး​လောင်း​တွေ အားလုံး​တွေ့ပြီးမှ ​​ရွေး​စေချင်တာ​ပေါ့… အဲဒီမှာပဲ ဇာတာခွင်မကိုက်လို့ဆိုပြီး ဓါတ်ပုံ​လေးရယ် ဇာတာခွင်ရယ်ကို သတို့သမီး​လောင်း ​နောက်တစ်​ယောက်ရဲ့အ​ဖေဖြစ်သူဆီကို သွား​ပေးရင်း ဓါတ်ပုံ​ပျောက်သွားတဲ့ အခါ ဗီဘာဆိုတဲ့ မိန်းက​လေးနဲ့ ​ဆုံဖို့ကံပါ​လာတော့တယ်…
ထိုမိန်းက​လေးနဲ့​တွေ့ပြီး​နောက် ဟာရှာတစ်​ယောက် သူ့ရဲ့ ဘဝလက်တွဲ​ဖော်ဆီက ဘာကိုလိုချင်ရမှန်း မသိ​အောင် စိတ်ရှုပ်သွားပါ​တော့တယ် သူ့အတွေးအမြင်တွေအကုန်လုံး ပြောင်းလဲကုန်ပါတယ်။ ကောင်မလေးနဲ့ စကားပြောရတာတွေ၊ အတူသွား အတူလာတဲ့အချိန်တွေမှာ သူပျော်ရွှင်နေခဲ့တယ်။ သတို့သမီး​လောင်း​တွေ လိုက်​တွေ့​နေ​ပေမယ့်လည်း စိတ်မပါ​တော့တဲ့ ဟာရှာ တစ်​ယောက် ဖြစ်​ပေါ်လာတဲ့ အထင်လွဲပြဿနာတွေကို ဖြေရှင်းပြီး ချစ်တဲ့သူနဲ့ပဲ မင်္ဂလာဆောင်မှာလား၊ လူပျိုကြီးပဲလုပ်သွားမလား၊ မိဘပေးစားတဲ့သူနဲ့ပဲ ညားမလားဆိုတာကိုတော့ ဇာတ်ကားလေးမှာပဲ ကြည့်ရှုကြဖို့ ညွှန်းဆိုပါရစေ…။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590