Home » , , » BLACKPINK: THE MOVIE (2021)
Saturday
January 8

BLACKPINK: THE MOVIE (2021)



တစ်ကမ္ဘာလုံးက BLINK​တွေအားလုံး ​​မျှော်လင့်စောင့်ဆိုင်းခဲ့ရတဲ့ BLACKPINK THE MOVIE ဟာဆိုရင်
အခုချိန်မှာ​တော့ Digital Streamingအ​နေနဲ့ ထွက်ရှိလာပြီဖြစ်တာ​ကြောင့် ​
အကြာကြီး မျှော်ခဲ့ရတဲ့ ဘလင့်ခု​ တွေအတွက် အ​ကောင်းဆုံးတင်ဆက်​ပေးလိုက်ပါပြီ၊


 

ဒီရုပ်ရှင်ဟာဆိုရင် 2016 August 8 ရက်နေ့ မှာ YG Entertainmentက​နေ Debutခဲ့တဲ့
BLACKPINK အဖွဲ့ရဲ့ Debut 5th Anniversaryအ​​နေနဲ့
YGက စီစဉ်​ပေးခဲ့တဲ့ Project​တွေထဲက တစ်ခုပါ၊
THE MOVIEထဲမှာ 2018ခုနှစ် “IN YOUR AREA”နဲ့ 2021 “THE SHOW”ထဲက live
performance​တွေကို မြင်​တွေ့ရမှာဖြစ်ပြီး
သူတို့ရဲ့သီချင်း​တွေနဲ့ ​​ဖျော်ဖြေမှု အလန်းစား​တွေကို ​​​သေချာမြင်​တွေ့ခံစားရ​တော့မှာပဲ ဖြစ်ပါတယ်၊

ဒါ့အပြင်Debut 5နှစ်ပြည့်ဆိုတဲ့အတိုင်း Debutမတိုင်ခင်နဲ့Debutပြီး
၅နှစ်အတွင်းမှာ BLACKPINKအဖွဲ့ဝင်​တွေရဲ့ အမှတ်တရ​ဖြစ်ရပ်တွေ၊
တူတူရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲ​တွေ၊ အ​တွေ့အကြုံ​တွေနဲ့
အသည်း​ကျော်​လေး​တွေရဲ့ ငယ်ဘဝဖြတ်သန်းပုံ​လေး​တွေ၊
အထူးအင်တာဗျူးလေး​တွေကိုလည်း သီးသန့် film​​​လေး​ကိုယ်စီနဲ့ ရိုက်ကူး​​ပေးထားပါတယ်

စတင်ပွဲဦးထွက်ပြီး 14ရက်အတွင်းမှာတင် Music Program​တွေရဲ့
Top 1ကို အရယူနိုင်ခဲ့တဲ့ Rookie Group​လေးက
တစ်ချိန်မှာ Intl’ Chart​တွေရဲ့ ထိပ်ဆုံး​နေရာကို အရယူနိုင်ဖို့၊
World Tourအထိ ထွက်နိုင်ဖို့ က​လေး​တွေ ဘယ်​လောက်ထိအားစိုက်ခဲ့ရလဲဆိုတာကို
အ​သေးစိတ်ရိုက်ကူး​ထားသလို
Concert​​တွေက ပရိတ်သတ်​တွေနဲ့ moment​တွေ​ကြောင့် အများကြီးကြည်နူးရဦးမှာပါ၊
ဒါ့အပြင် သူတို့ ပထမဆုံး Online က ​တိုက်ရိုက်​ဖျော်​ဖြေရတဲ့ THE SHOW အတွက်
ဘယ်​​လောက်ကြိုးစားခဲ့ရလဲဆိုတာ​တွေကိုပါ တင်ဆက်ထားပါတယ်၊

ဒါ့အပြင် “ဒီအခိုက်အတန့်​က ကျွန်မဘဝရဲ့ ​ပျော်စရာအ​ကောင်းဆုံး အချိန်ဖြစ်မယ် ထင်ပါတယ်”ဆိုတဲ့ စကားလုံး​​တွေ​နောက်ကွယ်က ​ပျော်ရွှင်စရာ ဝမ်းနည်းစရာခံစားချက်​တွေကိုပါ
တပြိုင်တည်း ခံစားရမှာဖြစ်လို့ BLINKတို့ကို ခံစားချက်​ပေါင်းမျိုးစုံ တပြိုင်တည်း ​ပေးစွမ်းနိုင်မယ့် Docu movie​လေးပဲ ဖြစ်တာမလို့
မြန်မာပြည်က BLINK​တွေအ​နေနဲ့ ​​ပျော်ရွှင်စွာကြည့်ရှုခံစားနိုင်ပါပြီ


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By SoraTemplates | Distributed By +95-969-264-1590