ဒီကားကတော့ Spider-Man ကိုသိတဲ့သူတွေရော မသိတဲ့ သူတွေကိုပါ ပထမဆုံးအကြိမ် မိတ်ဆက်ပေးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလည်းဖြစ်ပါတယ်။ ပထမဆုံး Live Action Spider-Man ဇာတ်ကားက ပရိတ်သတ်ကို စိတ်ကျေနပ်မှုပေးနိုင်ခဲ့ပါတယ်။
အထူးသဖြင့် လူငယ် ပရိတ်သတ်တွေနဲ့ Comic စာအုပ်ပရိတ်သတ်တွေ အားပေးမှုကိုရှိခဲ့ပါတယ်။ ဒီကားက သာမန်အထက်တန်းကျောင်းသား Peter Parker ဘဝကနေ ဆယ်ကျော်သက် စူပါဟီးရိုး ဖြစ်လာပုံနဲ့ ရရှိထားတဲ့ စွမ်းအားတွေကို အဓိပ္ပာယ်ရှိရှိ အသုံးချဖို့ အတွက် တွန်းအားရလာပုံတွေကို အဓိက ရိုက်ကူးထားပါတယ်။
Spider-Man ဖြစ်လာပုံကို အားလုံးသိပြီးသားဖြစ်ပါတယ်။ Oscorp ကုမ္ပဏီက Radioactive Spider အကိုက်ခံရပြီးနောက် စွမ်းအားတွေရလာတာဖြစ်ပါတယ်။ ဒီနေရာမှာ Spider-Man ရဲ့အကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။
Spider-Man ကို Marvel က ကာတွန်းဆရာ Stan Lee ကစတင်မိတ်ဆက် ခဲ့တာဖြစ်ပါတယ်။
ပထမဆုံးအကြိမ် သူ့ရဲ့ စိတ်ကူးကို ထုတ်ဝေသူကို ပြောပြချိန်မှာ ထုတ်ဝေသူက လက်မခံခဲ့ပါဘူး။ ဘာလို့လည်းတော့ ပင့်ကူဆိုတာ လူတိုင်း ကြောက်ကြတဲ့ သတ္တဝါဖြစ်သလို၊ ဆယ်ကျော်သက် စွမ်းအားရှင်ဆိုတဲ့ အချက်ကို အဲ့ဒီအချိန်က
လူတွေလက်ခံမှာမဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။
ဒါပေမယ့် Stan Lee က အဲ့ဒီအမြင်ကိုလက်မခံပဲ Spider-Man က လူငယ် စာဖတ်ပရိတ်သတ်ကို ဆွဲဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့ပြီး၊ တကယ်စာအုပ်ထွက်လာတဲ့အခါမှာတော့ Spider-Man စာအုပ်က အကုန်ရောင်းကုန်ခဲ့ပြီး၊ Marvel ရဲ့ ရောင်းအားအကောင်းဆုံး စာအုပ်စာရင်းဝင်ခဲ့ရာက The Amazing Spider-Man စာအုပ် ထွက်လာခဲ့ပါတယ်။
ဒါပေမယ့်ဒီကားမှာ ဒါရိုက်တာက အထက်တန်းကျောင်းသားက ဒီလောက်တော်မယ်ဆိုတာ လူတွေ လက်မခံလောက်တာကြောင့် Web တွေကို ကိုယ်ထဲက ထုတ် ပေးတယ်ဆိုပြီး ဇာတ်လမ်းလုပ်ထားပါတယ်။
ဒီကားထဲမှာ Spider-Man ရဲ့ ရန်သူတွေထဲက ကြောက်စရာအကောင်းဆုံး ရန်သူဖြစ်တဲ့ Green Goblin ကို မိတ်ဆက်ထားပြီ၊ ကျွန်တော့်အမြင်ပြောရရင် Green Goblin က ဒီကားမှာ ဒီထက်ပိုပြီး နေရာရသင့်ပါတယ်။ Green Goblin ဆိုတာ Spider-Man ရဲ့ အဓိက ရန်သူဖြစ်ပြီး၊ Batman ရဲ့ Joker လိုပဲ သူလည်း marvel universe မှာ အဆင့်အတန်းရှိတဲ့ Villain ဖြစ်ပါတယ်။
ပထမဆုံး ကားဖြစ်လို့ သိပ်မထူးခြားပေးမယ့် ကျွန်တော်တို့ကို Spider-Man နဲ့ မိတ်ဆက်ပေးခဲ့တဲ့ကားဖြစ်လို့ အခုချိန် အထိ ပြန်ကြည့်မိနေဆဲပါ။
မိသားစုဇာတ်ကားပါ။
Option | Download | Watch Live |
---|---|---|
Link1 |