Video Sources
IMDb (7.6) ထိရထားပြီးတော့ အားလုံးလည်းစောင့်မျှော်နေကြတဲ့ I am what I am လေးရပါပြီခင်ဗျာ။
တရုတ်နှစ်သစ်ကူးတွေမှာ မြင်တွေ့နေကြခြင်္သေ့ခေါင်းအကကိုလူတိုင်းမြင်ဖူးကြမယ်ထင်ပါတယ်။
ဒါပေမဲ့ နှစ်သစ်ကူးမှာ ဘာလို့ခြင်္သေ့ခေါင်းအကကိုကကြရတာလဲ ?
ခြင်္သေ့ခေါင်းပြိုင်ပွဲတွေရဲ့စည်းကမ်းတွေကရော ဘယ်လိုတွေလဲ?
အဲ့ဒါတွေကို အသားပေးရိုက်ကူးထားပြီး လူငယ်တစ်ယောက်ရဲ့စိတ်ကူး၊ အိမ်မက်၊ မျှော်လင့်ချက်တွေကိုပါ ဒရာမာလေးချိုးပြီးရိုက်ကူးထားတာမို့
ကာတွန်းကားကောင်းကိုမှကြိုက်ကြတဲ့ ကလေးကြီးတို့ ဒေါင်းလို့ရပါပြီခင်ဗျာ..မိဘတွေက အဝေးမှာစီးပွားရှာနေရတာမို့ နှစ်သစ်ကူးမှာ မိသားစုစုံစုံလင်လင်နဲ့ဆုံတွေ့ချင်နေတဲ့ အားကျွမ်း။
အားကျွမ်းဆိုတာ တစ်ရွာလုံးရဲ့အနိုင်ကျင့်တာကိုခံနေရတဲ့ ရှူနာရှိုက်ကုန်း၊ ကလေကချေ၊ ကြောင်နာလေးတစ်ယောက်ပေါ့။
ရွာရဲ့နှစ်သစ်ကူးခြင်္သေ့အကပြိုင်ပွဲမှာ အနိုင်ကျင့်ခံရပြီးတဲ့နောက် သူ့ဘဝထဲကို ခြင်္သေ့ခေါင်းအက ဝင်ရောက်လာခဲ့ပါတော့တယ်။လောကဓံတွေဘယ်လိုပဲကြုံတွေ့ရပါစေ မိမိကိုယ်သာကိုးကွယ်ရာဆိုတဲ့စကားကို
လက်ကိုင်ထားတဲ့အားကျွမ်းတစ်ယောက် မိသားစုနဲ့ရောဆုံတွေ့ရပါ့မလား..
ရိုးရာအကဖြစ်တဲ့ခြင်္သေ့အကကိုရော ဘယ်အတိုင်းအတာထိ ဖျော်ဖြေပေးသွားနိုင်မလဲဆိုတာကိုတော့
ဇာတ်လမ်းလေးမှာ ဆက်ကြည့်လိုက်ပါတော့နော် ။ ။အညွှန်း နဲ့ ဘာသာပြန်ကတော့ JoJoVa ပဲ ဖြစ်ပါတယ်။
Genre…..Animation, Drama, Comedy
Quality….WEB-DL 1080p and 720p and 480p
File size…1.8GB and 9060MB and 2980MB
Format…mp4
Duration….1h 44min
width="100%"
Option | Download | Watch Live |
---|---|---|
Link1 |