တိပ်ခွေခေတ်က
ကြည့်ခဲ့ရဖူးတဲ့ Old But Gold စစ်ကား
တစ်ကား တင်ဆက်ပေးလိုက်ပါတယ်သမိုင်းကြောင်းအရ အာဖကန်အစိုးရသည်
မူဂျာဟစ် သူပုန်တွေကို တိုက်ထုတ်ဖို့ရန်
အင်အားမရှိချိန် ဆိုဗီယက်တို့က ကွန်မြူနစ်
ကမ္ဘာကြီးတည်ထောင်ရန်ကြိုးပမ်းချိန်
အာဖကန်အား ကွန်မြူနစ်အတွင်းသွတ်သွင်းရန်ကြိုးပမ်းပြီး
အာဖကန်အစိုးရဘက်မှ မူဂျာဟစ် သူပုန်တွေကို ကူညီတိုက်ခိုက်ပေးခဲ့ရာ
နောက်ပိုင်းပြောက်ကျားစစ်ကို အလူးလဲခံရလာပြီး
ရွာအလိုက်ရှင်းလင်းရေးတွေလုပ်ဆောင်လာခဲ့ရာ
beast ခေါ် သားရဲတင့်ကားကြီးအား မူဂျာဟစ်တို့မှ တိုက်ခိုက်ရန်ကြိုးပမ်းလာရာ
သားရဲကြီးပဲ နှိမ်နင်းခံရမလား မူဂျာဟစ်တို့ဘဲ အနိုင်ရမလား
အာဖကန်နစ်စတန် ပြည်သူတွေက အများထင်နေကြသလို
အရိုင်းအစိုင်းတွေလား သူတို့ရဲ့ ယဉ်ကျေးမှုတွေ
အကျင့်စရိုက်တွေ ရုရှားတို့ရဲ့ နိုင်ငံချစ်စိတ်တွေ ကိုယ့်နိုင်ငံကို
ကာကွယ်ခြင်းမဟုတ်ဘဲ သူတပါးနိုင်ငံအား ကျုးကျော်စစ်တိုက်ရာ ကြုံတွေ့ပုံများ
စစ်မြေပြင်မှာ ဖြစ်တတ်သည့် စစ်ရာဇဝတ်မှုများ စတဲ့ အရာများအားလုံးကို
စိတ်ဝင်တစားကြည့်ရှုရမည့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်