Home » , , » Tuck Jagadish(2021)

Tuck Jagadish(2021)

 


မြန်မာပြည်ပရိသတ်တွေကြား ယင်ကောင်မင်းသားရယ်လို့ နာမည်ရခဲ့တဲ့ Nani ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားထွက်လာလို့

ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။

ဒီကားလေးကလည်း မနှစ်ကထွက်တဲ့ V ဆိုတဲ့ ရုပ်ရှင်လိုပဲ ရသတစ်ခုခုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

 

ဇာတ်လမ်းအကျဥ်း

ဘူဒေဗီပူရမ်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာမှာ ရွာခေါင်းဆောင် အာဒီးဆာ့နိုင်ဒူးဆိုသူ တစ်ဦးရှိပြီး ၊

ရွာရဲ့သာရေးနာရေး ကိစ္စအဝဝကိုသာမက ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်ပါ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူဖြစ်ပါတယ်။

 


 

ကိုယ်တိုင်ချမ်းသာကြွယ်ဝသူ ဖြစ်တဲ့ အလျောက် သားသမီးတွေကလည်း များပြားလှပါတယ်။

သူရှိနေတုန်းက သင့်မြတ်ကြတဲ့ သားသမီးတွေဟာ သူမရှိတဲ့အချိန်ကျတော့ အမွေကိစ္စတွေကြောင့် အချေအတင်ဖြစ် ၊

ပြဿနာတွေ တောက်လျောက်တက်ကုန်ရာကစပြီး

အာဒီးဆာ့နိုင်ဒူးရဲ့ မယားကြီးငယ်နဲ့ရတဲ့ သားကြီးဖြစ်သူ ဘို့စ်က ဒီအမွေတွေဟာ သွားလေသူမိခင်ဘက်က ပါလာတာဆိုပြီး

ဖခင်အမွေအားလုံးကို မောင်ပိုင်စီးပါတော့တယ်။

အမွေတွေကို မလိုချင်ဘဲ ၊ မိသားစုကို ပြန်သင့်မြတ်စေလိုတဲ့ အငယ်ဆုံးသားလေး Tuck ဂျာဒစ်ရှ်တစ်ယောက်

ဒီမိသားစုအရေးကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာက ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်တည်ရှိရာ ဖြစ်ပါတယ်။

မိသားစုပြဿနာတွေဆိုလို့ ဒရမ်မာကားသက်သက်လို့ ထင်နေဦးမယ်။

တောင်ပိုင်းရုပ်ရှင်ထုံးစံအတိုင်း အချစ် ၊ အကြမ်း ၊ အလွမ်းအစုံအလင်နဲ့ မိသားစုနဲ့အတူ

ကြည့်နိုင်တဲ့ ရုပ်ရှင်လေးပါလို့ပဲ ဆိုလိုက်ပါရစေတော့ ခင်ဗျာ။

 

 

 

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590