ဒီဇာတ်ကားအညွှန်းမရေးခင်
ပြောချင်တာတခုရှိသေးတယ်
ဒီဇာတ်ကားကိုကြည့်ပြီးမှ အိမ်ကအဒေါ်တွေဘာလို့ကိုရီးယားကားကို
အငမ်းမရကြည့်လဲဆိုတာကိုကိုယ်ချင်းစာမိသွားတယ်
အရင်က ကိုရီးယားကားဆိုမကြည့်ဖြစ်ဘူး
ဒီဇာတ်လမ်းထဲမှာ ၁၉၅၀ ဝန်းကျင်တောင်မြောက်ကိုရီးယားစစ်ပွဲကို
အခြေခံပြီးရိုက်ကူးထားတယ် ၂နိုင်ငံ အပစ်အခတ်ရပ်စဲရေးစာချုပ်
လက်မှတ်မထိုးခင် အရို ကေတောင်ကုန်းနဲ့ပါတ်သက်ပြီး ၂ဖက်ခေါင်းဆောင်
တွေအငြင်းပွါးကြတယ် ဒီတောင်ကုန်းကို၂ဖက်တပ်တွေအလုအယက်
သူတပြန်ကိုယ်တပြန်သိမ်းနေရင်းနဲ့မှနောက်ဆုံးဘယ်လိုဇာတ်သိမ်းသွားမလဲ…
တောင်ကိုရီးယားတွေဘက်က မိကျောင်းတပ်ခွဲကဒီတိုက်ပွဲကိုအဆုံးထိတိုက်ရပြီး
နောက်ဆုံးသူတို့ဘယ်လိုတွေဇာတ်သိမ်းသွားကြလဲ….အသက်ရောရှင်ရဲ့လား….
တောင်ကုန်းလေးရယ်စစ်မြေပြင်ရယ် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးတာရယ်
နေရာ၃ခုပဲပါပေမယ့် အချစ်အမုန်း အယူဝါဒ…အစုံကိုသရုပ်ဖော်သွားတဲ့ဒီကားက
စစ်ကားကောင်းတကားဖြစ်သလို ၂ဖက်တပ်တွေရဲ့ သရုပ်ကိုပီပြင်အောင်သရုပ်ဖော်
ထားတဲ့ ဇာတ်ကားကောင်းတကောင်းဖြစ်လို့မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်း
တကားဖြစ်ပါတယ်
တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးထားပါတယ်
IMD rating အနေနဲ့(7.4) အထိရရှိထားပါတယ်
Option | Download | Watch Live |
---|---|---|
Link1 |