Home » , , , » Castle Falls (2021)
Wednesday
December 29

Castle Falls (2021)

လန်ဒိုဟာ မူးယစ်ရာဇာ ဒန်မီရယ်ဂလက်စ်ရဲ့ ဒေါ်လာ
သုံးမီလီယံကို ခိုးယူပြီး Castle Heights ဆိုတဲ့ ဆေးရုံပျက်ကြီးထဲမှာ သွားဝှက်ထားခဲ့ပါတယ်။

ဖြစ်ချင်​တော့ သူတို့နှစ်​ယောက်ဟာ ထောင်ထဲမှာ ပြန်ဆုံကြပြီး 

 


လန်ဒိုဟာလည်း အသတ်ခံရဖို့ နီးစပ်​နေခဲ့ပါတယ်။

ခိုးတုန်းကခိုးပြီး အခုမှ အလွန်​ကြောက်ရွံ့​​နေတဲ့ လန်ဒိုဟာ ထောင်​စောင့်မှုးဖြစ်တဲ့ အဲရစ်ဆန်နဲ့

အ​ပေးအယူလုပ်ပြီး ထောင်​နေရာပြောင်း​ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲရစ်ဆန်ဟာလည်း ကင်ဆာရောဂါခံစား​နေရတဲ့ သမီးဖြစ်သူအတွက် ခွဲစိတ်​ကြေး မတတ်နိုင်တဲ့အတွက်

အ​ပေးအယူကို လက်ခံခဲ့ပြီး ဆေးရုံပျက်ကြီးထဲက ငွေကို သွားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါကို သိသွားတဲ့ မူးယစ်ရာဇာဒန်မီရယ်ဟာ သူ့လူ​တွေကို ဆေးရုံပျက်ကြီးဆီ စေလွှတ်လိုက်ပါတယ်။

တစ်ဖက်မှာလည်း မိုက်ဝိတ်ဒ် ဆိုတဲ့ ဘ၀ပျက် MMA Fighter ဟောင်းကြီးဟာ လက်​ဝှေ့သမားအဖြစ်မှ အနားယူကာ

ဆေးရုံပျက်ကြီးကို ဖြိုချပစ်မဲ့အလုပ်သမားအဖွဲ့ထဲ ၀င်​ရောက်လုပ်ကိုင်ရင်း လန်ဒိုဝှက်ထားခဲ့တဲ့ ငွေထုပ်ကြီးကို မ​တော်တဆ တွေ့ရှိသွားပါတယ်။

အ​ကြောင်းအရင်း ကိုယ်စီနဲ့ ဒေါ်လာ သုံးမီလီယံကို လုယူကြမဲ့ သူတို့​တွေဟာ ဆေးရုံပျက်ကြီးကို မဖြိုချခင် ငွေထုပ်ကြီးကို အပြိုင်အဆိုင်လုကြရင်း

ဘယ်သူက ပိုင်ဆိုင်သွားမလဲ ဘယ်သူက အမှုန့်ဖြစ်သွားမလဲဆိုတာကို ပရိသတ်ကြီးတို့ကိုယ်တိုင် ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ​နော်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By SoraTemplates | Distributed By +95-969-264-1590