Home » , » Limbo ( 2021 )
Thursday
December 30

Limbo ( 2021 )




ဟောင်ကောင်တွေကThrillerတွေရိုက်တာပိုင်နိုင်တယ်ဆိုတာဒီကားကိုကြည့်ပြီးတပ်အပ်ပြောလို့ရပါတယ်။

အဖြူအမဲဆိုပေမယ့်အရာရာကိုရိုက်ပြထားတာပြတ်သားလွန်းပါတယ်။

ရှင်းလင်းပြတ်သားလွန်းလို့ တရုတ်ပြည်မမှာပြသခွင့်မရပါဘူး။

 ဆိုပေမယ့်၇၁ကြိမ်မြောက်ဘာလင်နိုင်ငံတကာ

ရုပ်ရှင်ပွဲတော်မှာပြသခွင့်ရခဲ့ပါတယ်။

အဲဒါအပြင် Far East Film Festival မှာဆုရခဲ့တဲ့ အများချီကျူးမှုတွေရခဲ့တဲ့ ကားကောင်းတစ်ကားပါ။

ဇာတ်လမ်းအကျဉ်းက​တော့ အရာရှိသင်တန်းဆင်း ဝါနုအရာရှိ ရန်ဝေဟာ ဝါရင့်ရဲအရာရှိအကိုချန်ရှိတဲ့

မှုခင်းဌာနမှာတာဝန်ကျပါတယ်။ 

အကိုချန်ကဝါရင့်ပြီး တစ်မူထူးတဲ့နည်းတွေနဲ့

အမှုလိုက်တတ်ပါတယ်။

ဆင်တူတဲ့လူသတ်ပုံနဲ့အမှုတွေတစ်ခုပြီးတစ်ခုတိုးလာပြီး စုံစမ်းနေချိန်မှာ ရဲအရာရှိချန်ရဲ့

မိန်းမကိုကိုမာဖြစ်အောင်ကားနဲ့တိုက်ခဲ့တဲ့ ကလေကချေမလေး ဝမ်ထောင်ကိုပြန်တွေ့လိုက်ရတော့

အရာရှိချန်ကနာကျည်းမှုတွေနဲ့ အထိန်းချုပ်မဲ့သွားပြီး ဝမ်ထောင်ကိုသတ်မိမလိုဖြစ်သွားပါတယ်။

ဝမ်ထောင်ကပြန်ပေးဆပ်တဲ့အနေနဲ့ မူးယစ်မှောင်ခို၊ ကားသူခိုးစတာတွေရဲ့သတင်းပေးလုပ်ပေးပါ့မယ်လို့ပြောလာပါတယ်။

ဒီလိုနဲ့ ကိုကိုးဆိုတဲ့ တရားခံလက်ဖြတ်တာခံရပေမယ့် အသက်ရှင်နေသေးတဲ့

တစ်ဦးသောသူကိုတွေ့လိုက်ရပြီး ဘာတွေဆက်ဖြစ်သလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်ကြည့်ရှုလိုက်ပါနော်။

Limbo ကတရုတ်ဝတ္ထု(အံသွား)ဆိုတာကိုပြန်လည်ရိုက်ကူးထားတာပါ။

အံဆုံးပေါက်တဲ့အခါနာကျင်ရသလို လူတွေရင်ထဲကနှုတ်လို့မရ

ဖျောက်လို့မရတဲ့နာကျင်မှုမျိုးကို ဖော်ပြထားတာဖြစ်ပါတယ်။

ဒါရိုက်တာကရှင်းရှင်းလင်းလင်းရဲရဲတင်းတင်းရိုက်ပြထားသလို

သရုပ်ဆောင်တွေကလဲတော်တော်ကောင်းတဲ့အတွက် ကြည့်သင့်တဲ့ကားကောင်းတစ်ကားလို့ပြောချင်ပါတယ်ရှင်။


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By SoraTemplates | Distributed By +95-969-264-1590