၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်ကားကောင်းလေးတွေထဲကမှ တမီးလ်မှုခင်းရုပ်ရှင်ကား
ကောင်းလေးကြည့်ချင်ရင် ဒီကားလေးကိုကြည့်ဖို့တိုက်တွန်းပါရစေဗျ။
တောင်ပိုင်းကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်း၊ ဇာတ်ကွက်နဲ့ ဇာတ်လမ်းထဲကပြောစကားတွေ
ရှယ်ကောင်းလွန်းတာတော့ သိပ်ပြောစရာလိုမယ်မထင်ပါဘူး။ လစ်ဟနေတာတော့ ထောက်ပြ
စရာတွေပါးပါးလေးရှိပေမဲ့မို့ ဇာတ်လမ်းတစ်ဆုံးထိ တောက်လျှောက်မျောလို့ကောင်းဦးမယ့်
တမီးလ်ကားကောင်းလေးပါပဲ။
ဇာတ်လမ်းအကျဥ်းလေးပြောပြရရင် မိုဒီဆိုတဲ့ဘဲကြီးဟာ ဘဝမှာ ပျော်ပျော်နေသေခဲဆိုတဲ့ဘဲကြီး
ပေါ့ဗျာ။ ဘဝကြီးကို အပြည့်အဝအသက်ရှင်နေထိုင်ပြီး ဘာသောကမှမရှိဘဲ နေတတ်တဲ့သူမျိူးပေါ့။
သူ့မှာရည်မှန်းချက် ၃ ခုရှိတယ်တဲ့ဗျ။ နာမည်ကြီးဖို့ရယ်၊ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်သူဖြစ်ဖို့ရယ်၊
နိုင်ငံရေးလောကထဲဝင်ဖို့ရယ်တဲ့ဗျာ။ ဒီတော့ အဲလိုလူကြီး ပက်ပက်စက်စက်အသတ်ခံရတဲ့အခါ
သူ့ရဲ့ရည်မှန်းချက် ၃ ခုရောပြည့်သွားရဲ့လား၊ ဇာတ်လမ်းအစတည်းက ပါလာတဲ့ နာဗရာဆိုတဲ့
ကောင်မလေး ဘယ်ဇာတ်ရုပ်ကနေ ပါဝင်လာမလဲ၊ ဘယ်လောက်ဇာတ်ကောင်စရိုက်ရှုပ်၊ ဇာတ်လမ်းတွေရှုပ်၊
လူ့သရုပ်ဖော်ဦးမလဲဆိုတာကိုတော့ ၂၀၂၁ ခုနှစ်ထွက် Climax ဆိုတဲ့ တမီးလ်ကားလေးထဲမှာ
ခံစားရင်ခုန်ပေးလှည့်ပါဦး။