Home » , , , , » Maanaadu (2021)

Maanaadu (2021)


   


Time-loop ဆိုတဲ့အချိန်​​​ကျော့သံသရာကို Edge of Tomorrow,

Happy Death Day 1& 2, A Day တို့လို ​ဟောလိဝုဒ်ဗားရှင်း၊

ကိုရီးယားဗားရှင်းမျိုးစုံနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားတာ​တွေ

ရှိသလို ဒီတစ်​ခေါက်မှာ​တော့ Tamil Time-loopဇာတ်လမ်း​လေး

 တစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ် 

IMDb user၁​သောင်းခွဲရဲ့

ratingမှာ 9.1အထိ ရရှိထားပြီး ရုံတင်ရာမှာလည်း Blockbuster

အဆင့်လို့ ပြောလို့ရ​​​အောင် ရုံဝင်​ငွေများစွာနဲ့ အောင်မြင်မှု​တွေ

ရရှိထားတဲ့ကားပါ

ဒူဘိုင်းမှာအလုပ်လုပ်​နေတဲ့ အဗ္ဗဒူ ခါလစ်ဟာ သူများမင်္ဂလာ​ဆောင်

က​နေ သူငယ်ချင်းဖြစ်သူ မိန်းမဖြတ်ခုတ်ပြေးရာမှာ ကူညီဖို့အတွက်

အိန္ဒိယကိုပြန်လာခဲ့ပါတယ်၊ လေယာဉ်​​ပေါ်မှာ သူနဲ့.မင်္ဂလာ​ဆောင်

တစ်ခုတည်းတူတူသွားမယ့် ဆီသာလက်ချမီးနဲ့​တွေ့ဆုံခဲ့ပါတယ်၊

ထိုမှတဆင့် မင်္ဂလာပွဲကို​ရောက်၊ သတို့သမီးကို ဖြတ်ခုတ်​အပြီး

ထွက်​ပြေးလာတဲ့လမ်းမှာ ယာဉ်တိုက်မှုဖြစ်ပြီး ခိုး​ပြေးတဲ့တစ်ဖွဲ့လုံး

ရဲဖမ်းခံလိုက်ရပါတယ်၊ ဒါ​ပေမဲ့ ရဲ​တွေကပုံမှန်မဟုတ်ဘဲ လျှို့ဝှက်တဲ့

အကြံအစည်တစ်ခုကို ကြံ​နေကြတာပါ၊ ဒါက​တော့ ၁၂ကြိမ်​မြောက်

အာဏာရပါတီနှစ်ပတ်လည်ပွဲမှာ ပြည်နယ်ဝန်ကြီးချုပ်ကို လုပ်ကြံဖို့

အစီအစဉ်ပါ

နဂိုစီစဉ်ထားတဲ့ လုပ်ကြံ​ရေးသမားဟာ အဗ္ဗဒူတို့ကားနဲ့တိုက်မိပြီး

​သေသွားလို့ အဗ္ဗဒူကိုခြိမ်း​ခြောက်ပြီး ကိုယ်စားလုပ်ကြံခိုင်းခဲ့ပါတယ်၊

အဗ္ဗဒူအ​နေနဲ့ လုပ်ကြံမှုအောင်မြင်ခဲ့​ပေမယ့် အခင်းဖြစ်တဲ့​နေရာမှာပဲ

​သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်၊ ဒါ​ပေမဲ့ တကယ်မ​သေခဲ့ဘဲ

ဆီသာနဲ့ ပထမဆုံး​တွေ့ခဲ့တဲ့ ​​လေယာဉ်​ပေါ်မှာ လန့်နိုးလာခဲ့ပါတယ်၊

စစဖြစ်ချင်းမှာ​တော့ဝေဝါး​နေ​ပေမဲ့ သူ့ကိုယ်သူ အချိန်ထပ်တလဲလဲ

ဖြစ်​နေ​ကြောင်း ​သေချာသွားတဲ့​နောက် သူငယ်ချင်းဖြစ်သူရဲ့

မိန်းမခိုး​ပြေးတဲ့ကိစ္စကို လမ်း​ကြောင်း​တွေ အဖြစ်အပျက်​တွေ

အမျိုးမျိုး​ပြောင်းပြီး စမ်းသပ်ခဲ့​ပေမဲ့ ​​​နောက်ဆုံးမှာ အဗ္ဗဒူ​သေပြီး

​လေယာဉ်​ပေါ် ပြန်နိုးလာတဲ့အဖြစ်နဲ့ပဲ အဆုံးသတ်​နေတဲ့အခါ

အဗ္ဗဒူခါလစ်အ​နေနဲ့ ဒီ Time-loopဘာ​ကြောင့် ဖြစ်​နေလဲဆိုတာကို

ရှာ​ဖွေ​ဖော်ထုတ်ရင်း ပြည်နယ်ဝန်ကြီးလုပ်ကြံမှု​နောက်ကွယ်က

လျှို့ဝှက်ချက်​ကိုပါ တပါတည်းအ​ဖြေရှာဖို့ ကြိုးစားပါ​တော့တယ်၊

ဘာ​ကြောင့် ရဲ​တွေက ဝန်ကြီးကိုသတ်ချင်​နေကြတာလဲ၊ ဝန်ကြီးရဲ့

လုပ်ကြံမှုနဲ့ အဗ္ဗဒူရဲ့ Time-loopက ဘယ်လိုဆက်သွယ်​နေတာလဲ၊

အဲဒီပုစ္ဆာ​တွေကို အဗ္ဗဒူ​ဖြေရှင်းနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစွာ

ကြည့်ရှုရမယ့် Tamil Sci-fic Action, Drama ကားသစ်ပဲ ဖြစ်ပါတယ်


Option Download Watch Live
Link1
Download Now
Watch Now


www.msubfilm.com

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

ကြော်ငြာများထည့်သွင်းနိုင်ပါသည်

Find Us On Facebook

Find us

Video Widget

Years

GENRES

 
Created By MSub Films | Distributed By +95-969-264-1590