Video Sources
အေဘရာဟင်လင်ကွန်းခေတ် မတိုင်ခင်အထိ အမေရိကန်နိုင်ငံရဲ့
လူဖြူ၊လူမဲခွဲခြားတဲ့ စနစ်ဆိုးကြီးက အတော်ကိုအမြစ်တွယ်ခဲ့ပြီး
ယနေ့ထက်တိုင် စနစ်ရဲ့အရိပ်ကကပ်ပါနေဆဲပါ။ ဒီလို လူတန်းစား
ခွဲခြားရေးဝါဒီ ထောက်ခံရေးနဲ့ တိုက်ဖျက်ရေးဝါဒီတွေ ထိပ်တိုက်
တွေ့ဆုံခဲ့တဲ့ ၁၈၆၀ပြည့်နှစ်တွေဟာ စနစ်ရဲ့ဖိနှိပ်မှုကို ကာပြန်ခဲ့တဲ့
လူမည်းတွေလည်း များစွာရှိခဲ့ပါတယ်။ဒီဇာတ်ကားက အခုလိုမျိုးရုန်းထွက်ခဲ့ကြသူတွေထဲက ပီတာဆိုတဲ့
လူမည်းကျွန်တစ်ယောက်ရဲ့ဖြစ်ရပ်မှန်မှတ်တမ်းကို ပုံဖော်ရိုက်ကူး
ထားတာပါ။ ပီတာနေရာမှာ သရုပ်ဆောင်သူကတော့ အထွေအထူး
မိတ်ဆက်ဖို့မလိုတဲ့ မင်းသားကြီးWill Smith ဖြစ်ပြီး သူနဲ့အပြိုင်
ကြမ်းမယ့်သူက Ben Fosterဖြစ်တာမို့ မခေတဲ့သူပါပဲ။ IMDbမှာ
တော့10အပြည့်ရထားပြီး RTမှာတော့ 50%ရထားပါတယ်
ဇာတ်လမ်းက လူဝီစီယားနားပြည်ရှိ လူမည်းအလုပ်သမားစခန်းမှ
အလုပ်သမားတွေဟာ ဖိနှိပ်၊နှိပ်စက်ခံရမှုတွေကြားက လင်ကွန်းရဲ့
Native Guard(လူမည်းတပ်)ရှိရာ ဘေတန်ရုဂ်မြို့ကို ထွက်ပြေးဖို့
ပီတာတို့အလုပ်သမားတစ်စု ကြိုးစားကြပုံကို ရိုက်ကူးထားတာပါ။
နွံအိုင်ပတ်လည် ဝိုင်းနေတဲ့ စခန်းဖြစ်သလို ထွက်ပြေးသူတွေရှိရင်
လိုက်ဖမ်းဖို့ မြင်းစီးမုဆိုးတွေနဲ့အမဲလိုက်ခွေးတွေပါ အသင့်ရှိနေလို့
လွတ်ဖို့ဆိုတာ အတော်မလွယ်ကူတဲ့နေရာမျိုးပါ။ ဒီလိုနေရာကနေ
”သေမြေကြီး ရှင်ရွှေထီး”ဆိုတဲ့ စိတ်နဲ့ပဲ ပီတာတို့လူတစ်စု စခန်းမှ
ထွက်ပြေးလာပါတော့တယ်။ဒီကားကိုကြည့်ရင်း Apocalyptoကားကြီးကို တစ်ချက်ပြေးမြင်မိ
ပါသေးတယ်။ ရှေ့ကပြေးသူနဲ့နောက်ကလိုက်သူ မုဆိုးတွေကြားက
အားပြိုင်မှုတွေ၊ နွံအိုင်ကြီးတွေနဲ့ မမြင်ရတဲ့အန္တရာယ်ပေါင်းများစွာ၊
သားရဲပေါင်းများစွာကြားက အသက်ဘေးလွတ်အောင် ရုန်းကန်ပုံ
တွေက အတော်လေး survivalဆန်ပါတယ်။ ဒါမျိုး vibeတွေကို
ကြိုက်သူတွေအတွက် Apple+ ကနေ setting ကောင်းကောင်းနဲ့
ရှယ်ကိုတင်ဆက်ပေးထားလို့ Will Smith ရဲ့ ပရိသတ်တွေရော၊
အက်ရှင်ကြမ်းကြမ်းမှ ကြိုက်သူတွေပါ မနောခွေ့ကြမှာပါ။
File size…2.89GB  / 1.15GB 
Quality…1080p WEB DL / 720p
Format…mp4
Duration….2h 12m
| Option | Download | Watch Live | 
|---|---|---|
| Link1 | 
 
